မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂန့်ဂေါခရိုင်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ရိက္ခာနှင့်ပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂန့်ဂေါခရိုင်အတွင်းတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ရိက္ခာနှင့်ပစ္စည်းများ ပေးအပ်







ဂန့်ဂေါ၊ ဇွန် ၂၃

မကွေးတိုင်းဒေသသကြီးအစိုးရအဖွဲ့မှ ဂန့်ဂေါခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ရိက္ခာနှင့်ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဂန့်ဂေါမြို့ မြစ်သာခန်းမတွင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုမှ (Video Clip) ဖြင့် ဂန့်ဂေါခရိုင်ရှိနိုင်ငံ့ဝန်ထမ်းများသို့ အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်မှ နိုင်ငံ့ဝန်ထမ်းများသို့ ဂန့်ဂေါခရိုင်အတွင်းဆောင်ရွက်ဆဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများကို ချပြရှင်းလင်းခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသသကြီးအစိုးရအဖွဲ့မှ ဂန့်ဂေါခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော နိုင်ငံ့ဝန်ထမ်း(၂၃၆၃)ဦးအတွက် ဝန်ထမ်းတစ်ဦးလျင် ဆန်(၄)ပြည်၊ ဆီ(၅ဝ)ကျပ်သား၊ ဆား(၅၀) ကျပ်သား၊ ကုလားပဲဆန်(၂)ဘူး၊ ငါးခြောက်(၂၅)ကျပ်သားနှင့် ဆပ်ပြာ(၁)ဘူးစသည့် စားနပ်ရိက္ခာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လက်ခံရယူခဲ့သည်။

ယင်းနောက် မကွေးတိုင်းဒေသသကြီးအစိုးရအဖွဲ့မှ ဂန့်ဂေါခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိ သော နိုင်ငံ့ဝန်ထမ်းများအတွက် ရိက္ခာနှင့်ပစ္စည်းများပေးအပ်ခြင်းအတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသသကြီးအစိုးရအဖွဲ့မှ ဂန့်ဂေါခရိုင်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း(၂၃၆၃)ဦးအတွက် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၁၉၃ ဒဿမ ၃၉၈ သိန်း တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲဆန်၊ ငါးခြောက်နှင့် ဆပ်ပြာဘူးစသည့် ရိက္ခာပစ္စည်းများနှင့် စီမံခန့်ခွဲရေး၊ မြစ်သာခန်းမပြန်လည်ပြုပြင်ရေး၊ မြို့ပြနှင့်လေယာဉ်ကွင်း သန့်ရှင်းသာယာလှပရေးတို့အတွက် ရန်ပုံငွေ ၁၀၆၂ ဒဿမ ၄၆၅ သိန်း၊ စုစုပေါင်း ၂၂၅၅ ဒဿမ ၈၆၃ သိန်းတို့ကို  ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)