ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ






ကြံခင်း၊ ဇွန် ၅

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြိုနယ်၊ ကဇင်းကြီးကျေးရွာ၊ ဘောလုံးကွင်းအနီး၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ကဇင်းကြီးကျေးရွာ အုပ်ချုပ်‌ရေးမှူးထံ ပျိုးပင်များ အားလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇံ၊ အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က အခမ်းအနားတက်ရောက်လာကြသူ များအား ပျိုးပင်များ အသီးသီးပေးအပ်ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာများ၊ မြို့နယ်မျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက ပျိုးပင်များကို သန်မှတ်နေရာများတွင် အသီးသီး တစ်ပျော်တစ်ပါး စိုက်ပျိုးကြပြီး၊ အဆိုပါစိုက်ပျိုးနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် မြို့နယ်သစ်တောဦးစီးဌာနမှ ဖိတ်ကြားထားသော ဧည့်သည်တော်များအား မုန့်များဖြင့်ဧည့်ခံ ကျွေးမွေးကြသည်။ 

ထိုသို့ သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများတွင်အထောက်အကူပြုစေရန်ရည်ရွယ်၍ ကျွန်း ၅၀၊ မန်ဂျန်ရှား ၅၀၊ ယူကလစ် ၅၀၊ မဟော်ဂနီ ၅၀ စုစုပေါင်း ၂၀၀ ပင် စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီး ဌာနမှ သိရသည်။


ဖြိုးဝေလင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)