တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာ အဆင့် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာ အဆင့် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ





တာမွေ၊ ဇွန်  ၅

"ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ " ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်း ကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် " ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသား ဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန် " ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်)၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများနှင့်အညီ လက်သင်္ကေတပြဘာသာစကားဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး တာမွေမြို့နယ်အပါအဝင် အနယ်နယ်အရပ်ရပ်မှ အကြားအာရုံချို့ယွင်းအားနည်းသည့် အခြေခံပညာအဆင့် ကျောင်း သား၊ ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)၌ အခြေခံပညာအဆင့် ကျောင်းသား / ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

နားမကြားသော ကလေးသူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ နားမကြားသော ကလေး သူငယ်များ၏ ဉာဏ်ရည်နှင့် ဝါသနာထုံမှုအပေါ် မူတည်၍ ကျောင်းတွင်းပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာ ရပ်များ သင်ကြားပေးရန်၊ လူမှုဘဝပတ်ဝန်းကျင်တွင် လိုက်လျောညီထွေစွာ နေထိုင်ဆက်ဆံတတ်စေရန်၊ သင်ကြား တတ်မြောက်ထားသော ပညာရပ်များဖြင့် မိမိဘဝရပ်တည်ထူထောင်နိုင်ပြီး အခြားသူများအပေါ် မှီခိုလိုစိတ်များ လျော့နည်းစေရန်၊ အခြေခံပညာကျောင်းများသို့ တက်ရောက်နိုင်သော ကလေးသူငယ်များအား ပညာဆက်လက် သင်ယူနိုင်အောင် ဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများစွာဖြင့် အဆိုပါ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)ကို ၂၀၁၄-ခုနှစ် ဇွန်လ(၉)ရက်နေ့က စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုအခါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား (၄၄)ဦးနှင့် ကျောင်းသူ (၃၄)ဦး စုစုပေါင်း (၇၈)ဦးကို လက်သင်္ကေတပြဘာသာ စကားဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်၍ သူငယ်တန်း(KG)မှ (GRADE-6)အထိ တိုးမြှင့်ပညာသင်ကြားပေးနိုင်ခဲ့၍ ယခုပညာသင်နှစ်တွင် GRADE-7အထိ တိုးမြှင့်ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ လာ ရောက်ပညာသင်ကြားသည့် ကျောင်းသား/သူများ နေရာထိုင်ခင်း အဆင်ပြေစေရေးအတွက်လည်း ညအိပ်ဆောင်များ အား စီစဉ်ဆောင်ရွက်ပေးထားကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)