ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေချီးမြှင့်


နေပြည်တော်၊ ဇွန် ၅

ရှေးဟောင်းဝတ္ထု ပစ္စည်းများလာရောက်အပ်နှံခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့က အမျိုးသားပြတိုက်(နေပြည်တော်)၌ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ရှေးဟောင်းဝတ္ထု ပစ္စည်းအပ်နှံသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ် မိုးဖုံးအုပ်စုဗဟန်းကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝရဉာဏအား ကုန်းဘောင်ခေတ်သတ္တုစပ်ပြား ၃၂၈ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးတွက်ချက်မှုအရ ကြေး ၂၅ ပိဿာအတွက် ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၇၅၀၀၀၀၊ ခေတ်ကာလဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၈၇၅၀၀၀ စုစုပေါင်း ဆုကြေးငွေကျပ် ၅၆၂၅၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်း လွှာကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၂၅ x ၁၂၆ လမ်းကြား(စ)ဈေးနေ ဦးဝင်းကိုကိုမောင်အား ပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားကို လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးတွက်ချက်မှုအရ ငွေဒင်္ဂါး ၃၃၃ ပြား၏ အလေးချိန်အရ ကာလတန်ဖိုးငွေကျပ် ၁၅၆၅၅၆၄၀၊ ခေတ် ကာလဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၂၅၂၄၅၁၂၊ ခေတ်လက်ရာ ဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၂၅၂၄၅၁၂၊ ရှားပါးလက်ရာ ထပ်ဆောင်း ဆုကြေးအဖြစ် ကာလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၇၈၂၇၈၂၀ စုစုပေါင်း ဆုကြေး ငွေကျပ် ၄၈၅၃၂၄၈၄ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်းပေးအပ်ချီးမြှင့်သည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ရွှေ ၃၁၄၄၊ ငွေ ၈၅၃၊ ကြေး ၉၄၉၊ အခြား ၂၈၆၆၉ စုစုပေါင်း ၃၃၆၁၅ ခုကို ဆုကြေးချီးမြှင့်ငွေကျပ် ၅၉၈၆၇၉၀၇၂ ကို ရှေးဟောင်း ဝတ္ထုပစ္စည်းအပ်နှံသူ ၄၅၉ ဦး ထံသို့ ဆုကြေးများပေးအပ်ချီးမြှင့် ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)