ပေါင်၊ ဇွန် ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးသစ်တော သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန် သစ်တော၊သစ်ပင်ပြုန်းတီးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေနံနက်(၈)နာရီက အထက(နတ်ကြီးချောင်)ကျောင်းဝင်း ၌ပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များကို ပေါင်မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီးဦးဇော်လွင်ဦးမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များနှင့်တက်ရောက်လာသူများထံ စိုက်ပျိုးမည့်အပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။
အဆိုပါ ၂၀၂၆ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကိုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ကျွန်း(၅၀) ပင်၊ ပျဥ်းကတိုး(၅၀ )ပင်၊ မန်ဂျန်ရှားပင် (၈၀)ပင်၊ မဟော်ဂနီ(၅၀)၊ စိန်ပန်ကြီး(၅၀) ပင်၊ ပန်းပိတောက် (၅၀)၊ ခရေ(၅၀)ပင်၊ ကံ့ကော်(၁၀၀)၊ ပျဉ်မ(၁၀၀)၊ ပင်လယ်ကဗွီး(၁၀၀) စုစုပေါင်းပျိုးပင်(၆၈၀)ပင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
မွန်မလေး
#MNP #News






No comments:
Post a Comment