ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၂၀၂၆ ခုနှစ်(မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၂၀၂၆ ခုနှစ်(မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်







ကျိုက်ထို၊ ဇွန်  ၅

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၂၀၂၆ ခုနှစ်(မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၅ရက် နံနက် ၈နာရီတွင် ကျိုက်ထိုမြို့ မြို့ရှောင်လမ်း၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးကံ‌စောလှိုင်က အမှာစကားပြောကြားပြီး အမှတ်(၂)ခြေမြန်တပ်ရင်းမှတပ်ရင်းမှူး ဗိုလ်မှူးအာကာထွန်း ၊ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင် နှင့် မြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးသိန်းအောင်နိုင်တို့က  စိုက်ပျိုးမည့်ပျိုးပင်များကိုဌာနဆိုင်ရာတာဝန်ရှိသူများ၊အခြေခံပညာကျောင်းအုပ်ကြီးများ၊ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ ထံပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊အမှတ်(၂)ခြေမြန်တပ်ရင်းမှတပ်ရင်းမှူး ဗိုလ်မှူးအာကာထွန်း ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့များစုစုပေါင်းအင်အား(၁၀၅၃)ဦးတို့က ပျိုးပင်ပေါင်း ၁၀၀၈ ပင်ကိုတပျော်တပါးစိုက်ပျိုးခဲ့ကြောင်းသိရသည်။

အဆိုပါစိုက်ပျိုးခဲ့သည့်ပျိုးပင်များမှာ ကျွန်း (၅၀)ပင်၊သင်္ကန်း(၅၀)ပင်၊ မဟော်ဂနီ(၅၀)ပင်၊ပျဉ်းမ(၅၀)ပင်၊ကံ့ကော် (၄) ပင်၊ခရေ(၄)ပင်၊မန်ဂျန်ရှား(၈၀၀)ပင် စုစုပေါင်းပျိုးပင် (၁၀၀၈)ပင်ကိုစိုက်ပျိုးခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)