ဗီယင်နာ၊ ဇွန် ၃၀
ဩစတြီးယားသမ္မတနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာသံအမတ်ကြီး/ အမြဲတမ်း ကိုယ်စားလှယ် ဦးမင်းသိမ်းသည် ၂၉-၆-၂၀၂၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသံရုံး/ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံ-ဗီယင်နာကော်မတီ (ASEAN-Vienna Committee-AVC) ၏ (၆၄)ကြိမ်မြောက်အစည်းအဝေးနှင့် ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ AVC ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သော ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ် H.E. Mrs. Evangelina Lourdes A. Bernas က ၎င်းတာဝန်ယူစဉ်ကာလအတွင်း ကော်မတီ၏ လှုပ်ရှား ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကာလအတွက် AVC ဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Mohd Ridzwan Shahabudin ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့နောက် ကော်မတီအနေဖြင့် ဥက္ကဋ္ဌသစ်တာဝန်ယူမည့် ၂၀၂၆ ခုနှစ်၊ ဒုတိယ ၆ လတာကာလအတွင်း ဆောင်ရွက်ရန် အဆိုပြု ထားသည့် လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်များအပေါ် ဆွေးနွေးသဘောတူညီခဲ့ကြသည်။
အစည်းအဝေး ကျင်းပပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီ သံရုံး/အဖွဲ့ရုံး အကြီးအကဲများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး၊ ဖိလစ်ပိုင်သံအမတ်ကြီးက တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာသံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။ ထို့နောက် ဖိလစ်ပိုင်သံအမတ်ကြီးက ဖိလစ်ပိုင်နိုင်ငံသံရုံး/ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
#MNP #News



No comments:
Post a Comment