ပူတာအို၊ ဇွန် ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီ အစဉ်ဖြင့်ပေးပို့လာသော ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်း သုံးစာရေးကိရိယာများအား မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုကားလမ်းမကြီး အတိုင်း တင်ဆောင်လာသည့် မော်တော်ယာဉ်(၃)စီးသည် ဇွန် (၂၆)ရက် ညနေ(၃)နာရီက ပူတာအို မြို့သို့ရောက်ရှိလာရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများအင်အား(၅၀၀)ဦးခန့်က ခရိုင်ပညာရေး မှူးရုံးရှေ့တွင်လှိုက်လှဲစွာကြိုဆို ကြသည်။
ထိုသို့တင်ဆောင်လာသည့် မော်တော်ယာဉ်(၃)စီးတွင် ကျောင်းသုံးဗလာစာအုပ်(၄၀၄)အိတ်၊ ကျောင်းသုံးပြဌာန်းစာအုပ်(၉၅၃)အိတ်၊ ထက် လယ် မူ ကျောင်းသားကျောင်းသူများ အရည်အချင်း မှတ်တမ်းချုပ်(၂၀)ဖာ၊ ဘောလ်ဘင်(၈)ဖာ၊ ခဲတံ(၃၀)ဖာတို့တင်ဆောင်ရောက်ရှိလာခြင်းဖြစ်ပြီး ဇွန်လဆန်းပိုင်းတွင် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီအစဉ် ဖြင့်ပေးပို့သော ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပြဌာန်းစာအုပ်များကို တပ်မတော် လေယာဉ်ဖြင့် နှစ်ကြိမ်ပို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။
အဆိုပါရောက်ရှိလာသော ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများအား သိုလှောင်ရုံသို့ စနစ်တကျထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနဝန်ထမ်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများက ပူးပေါင်းအဖွဲ့ဝင်များက သိုလှောင် ရုံသို့ စနစ်တကျသယ်ယူ ပို့ဆောင်နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင် နှင့်အဖွဲ့ဝင်များကကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
#MNP #News



No comments:
Post a Comment