အီးယူရုံးချုပ်မှာ ပဒေသရာဇ်ဆန်ဆန် အပြုအမှုကြောင့် ဝန်ထမ်းတွေ ဒေါသထွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အီးယူရုံးချုပ်မှာ ပဒေသရာဇ်ဆန်ဆန် အပြုအမှုကြောင့် ဝန်ထမ်းတွေ ဒေါသထွက်


ဇွန် - ၂၉ ( တနင်္လာနေ့ ) 

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာရှိတဲ့ ဥရောပသမဂ္ဂကော်မရှင်ရုံးချုပ်ဟာ စံချိန်တင် အပူလှိုင်းဖြတ်သန်းနေတဲ့ အချိန်အတွင်းမှာပဲ သူ့ရဲ့ အောက်ထပ်တွေမှာရှိတဲ့ အဲယားကွန်းတွေကို ပိတ်ပစ်ခဲ့ပေမဲ့ ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန်  နဲ့ အခြားအဆင့်မြင့်အရာရှိကြီးတွေရဲ့ ရုံးခန်းတွေမှာတော့ အအေးပေးစနစ်ကို ပုံမှန်အတိုင်း ဆက်ဖွင့်ထားခဲ့တယ်လို့ ဝန်ထမ်းတွေနဲ့ အတွင်းရေး သတင်းပေးချက်တွေကို ကိုးကားပြီး Politico သတင်းဌာနက သောကြာနေ့မှာ ဖော်ပြလိုက်ပါတယ်။ ဒီလို မျက်နှာလိုက်ပြီး ခွဲခြားဆက်ဆံတဲ့ လုပ်ရပ် ကြောင့် ဝန်ထမ်းတချို့ ဒေါသထွက်ခဲ့ကြပြီး ဒါဟာ ယူရိုကရက်တစ်တွေရဲ့ "ပဒေသရာဇ်စနစ်" ပဲဆိုပြီး ဖော်ပြပြောဆိုခဲ့ကြပါတယ်။

အဲဒီ ဘာလေမောင့်ရုံးချုပ်အဆောက်အအုံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအင်အား ၃,၀၀၀ နီးပါးလောက်ဟာ သောကြာနေ့ မွန်းတည့်ပိုင်းမှာ အရေးပေါ် ဖုန်းမက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့ပြီး... အဲဒီထဲမှာ "အလွန်အမင်း ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့်" အထပ် ၁ ကနေ ၇ အထိ အအေးပေးစနစ်ကို "ဒီနေ့ လက်ကျန်အချိန်တွေအတွက်" ပိတ်ထားမှာဖြစ်ကြောင်း သတိပေးထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း အဲဒီလို အဲယားကွန်းပိတ်ပစ်တဲ့ နယ်မြေထဲမှာ အဆောက်အအုံရဲ့ ၈ ထပ်ကနေ ၁၃ ထပ်အထိကတော့ အကျုံးမဝင်ခဲ့ပါဘူး။ အဲဒီအထပ်တွေကတော့ ကော်မရှင်နာမင်းကြီး ၂၆ ယောက်ထဲက အများစုနဲ့ ဥက္ကဋ္ဌ ဗွန်ဒါလိုင်ယန် ကိုယ်တိုင်အပါအဝင် အဆင့်မြင့်အရာရှိကြီးတွေ ရုံးထိုင်တဲ့ အထပ်တွေ ဖြစ်ကြပါတယ်။

"ဒါက ပဒေသရာဇ်စနစ် (လူတန်းစားခွဲခြားမှု) လိုပဲ" လို့ အောက်ထပ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမည်မဖော်လိုသူ ကော်မရှင်အရာရှိတစ်ယောက်က Politico ကို ပြောပြခဲ့ပါတယ်။ နောက်ထပ် အရာရှိတစ်ယောက်ကလည်း ဒီအခြေအနေဟာ "တကယ့်ကို အရှက်သိက္ခာမရှိတဲ့ လုပ်ရပ်ပဲ" လို့ ဝေဖန်ခဲ့ပြီး၊ အအေးပေးစနစ် ရှိနေသေးတဲ့ ၈ ထပ်မှာ အလုပ်လုပ်နေတဲ့ တတိယမြောက် ဝန်ထမ်းတစ်ယောက်ကတော့ အဲယားကွန်းဖွင့်ထားတာတောင် ရုံးခန်းထဲက အပူချိန်က ၂၅.၇ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ရှိနေတုန်းပဲလို့ ပြောပါတယ်။

ဒီလို အဲယားကွန်းတွေ ပိတ်ပစ်လိုက်ရတဲ့ အခြေအနေဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အပူဆုံးနေ့ကို ကြုံတွေ့နေရတဲ့အချိန်နဲ့ ကွက်တိသွားတိုးနေတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘရပ်ဆဲလ်မြို့ရဲ့ အပူချိန်ဟာ ၃၄.၆ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ရှိခဲ့ပြီး၊ ဒါဟာ သမိုင်းတစ်လျှောက် ၁၉၇၆ ခုနှစ်က တင်ထားခဲ့တဲ့ စံချိန်ဟောင်းကိုပါ ချိုးဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ မိုးလေဝသပညာရှင်တွေကလည်း အခုလို အနောက်ဥရောပဒေသ အနှံ့မှာ အပူလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာကြောင့် နိုင်ငံရဲ့ တချို့နေရာတွေမှာ အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ဝန်းကျင်အထိ တက်လာနိုင်တယ်လို့ သတိပေးထားကြပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)