ဂန့်ဂေါ၊ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဂန့်ဂေါမြို့တွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer LP 8.1 ကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(တာဝန်ခံ) ဒေါက်တာဝင်းထိုက်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းနိုင်ငံ့ဝန်ထမ်း(၈၅၃)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer LP 8.1 ကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ ဇွန်လ(၂၆)ရက်နေ့က ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ဂန့်ဂေါ)နှင့် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းတို့မှ အသက်(၁၈)နှစ် ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူ(၁၄၉)ဦးကိုလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း
#MNP #News





No comments:
Post a Comment