ကျိုက်ထို၊ ဇွန် ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ပထမရက်(၁၀၀)အတွင်း ပြည်သူများအတွက် သထုံဆေးရုံကြီးမှ အထူးကုဆရာဝန်များ (အခမဲ့)ကွင်းဆင်းကုသခြင်းကို ယနေ့နံနက်ပိုင်းက ကင်မွန်းချောင်းကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်း(ကင်မွန်ချောင်း) ကျောင်း၌ ပြုလုပ်ခဲ့သည်။
ကွင်းဆင်းကုသခြင်းကို သထုံခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ ကျန်းမာဝန်ထမ်းများတို့က ပြည်သူများ ကျန်းမာစွာဖြင့်စားဝတ်နေရေးနှင့်အဆင်ပြေချောမွေ့စွာနေထိုင်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ပေးနိုင်ရန်၊ ရောဂါဖြစ်ပွားမှုကိုစောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများခံယူနိုင်စေရန်၊ ပြည်သူများအတွက်လိုအပ်သောဆေးကုသမှုများဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဓါတ်မှန်၊ သွားဘက်ဆိုင်ရာ၊ ဆေးပညာ၊ ကလေး၊ ခွဲစိတ်၊ သားဖွားမီးယပ် စသည့်ရောဂါများကို ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းကုသခြင်းကို ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၂)ခြေမြန်တပ်ရင်းမှတပ်ရင်းမှူး ဗိုလ်မှူးအာကာထွန်းနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆရာအကြီးအကဲများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#MNP #News





No comments:
Post a Comment