ရုရှား - နေတိုး စစ်ပွဲက မဝေးတော့တဲ့ ကာလအတွင်းမှာ ဖြစ်လာနိုင်တယ်လို့ ဆွီဒင်သတိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား - နေတိုး စစ်ပွဲက မဝေးတော့တဲ့ ကာလအတွင်းမှာ ဖြစ်လာနိုင်တယ်လို့ ဆွီဒင်သတိပေး


ဇွန် - ၁၄ ( တနင်္ဂနွေနေ့ ) 

ရုရှား နဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (နေတိုး) တို့ကြား ပဋိပက္ခ က “မကြာမီကာလအတွင်း” စတင်လာနိုင်ကြောင်း ဆွီဒင်ကာကွယ်ရေးကော်မတီရဲ့ အစီရင်ခံစာတစ်စောင်တွင် အခိုင်အမာဖော်ပြ ထားပါတယ်။ မော်စကို (ရုရှားအစိုးရ) ကမူ ၎င်းတို့အနေဖြင့် အမေရိကန်ဦးဆောင်သော အဆိုပါစစ်ရေးမဟာမိတ်အဖွဲ့ကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သုံးသပ်ခန့်မှန်းချက်များကို “အဓိပ္ပာယ်မရှိသော စကား” လို့ ဆိုကာ အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။ 

သောကြာနေ့က ထုတ်ပြန်ခဲ့ပြီး ဆွီဒင်အစိုးရနှင့် လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီအားလုံးက ထောက်ခံထားတဲ့ အဲ့ဒိလုံခြုံရေးဆိုင်ရာစာတမ်းတွင် ရုရှားကို “ရေရှည်ခြိမ်းခြောက်မှု” လို့ သတ်မှတ်ထားပြီး၊ ရုရှားအနေနဲ့ နိုင်ငံရေးအခြေအနေကောင်းတွေ ရှိလာပါက “နေတိုးအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ အပိုဒ်ခွဲ ၅ ရဲ့ ယုံကြည်စိတ်ချရမှုကို စမ်းသပ်ရန်” ကြိုးပမ်းလာနိုင်ကြောင်း အခိုင်အမာဆိုထားပါတယ်။ ဒါပေမဲ့ ထိုသို့သော အခြေအနေများမှာ မည်သည့်အရာများ ဖြစ်သည်ဆိုခြင်းကိုမူ အစီရင်ခံစာတွင် အသေးစိတ် ရှင်းလင်းဖော်ပြထားခြင်း မရှိပါဘူး။

အဲ့ဒိ စာတမ်းထဲမှာ မော်စကို (ရုရှားအစိုးရ) အနေဖြင့် “စစ်ရေးအရ အင်အားချိန်ခွင်လျှာသည် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန်အတွက် ရိုးရာစံသတ်မှတ်ချက်များနဲ့ ကိုက်ညီမှုမရှိသည့်တိုင်အောင်” စစ်မက်ဖြစ်ပွားစေနိုင်တဲ့ လုပ်ရပ်များကို လုပ်ဆောင်လာနိုင်ကြောင်း အခိုင်အမာဆိုထားပါတယ်။ 

အဆိုပါ အစီရင်ခံစာတွင် အမေရိကန်နဲ့ ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများကြား ကြီးထွားလာနေသော သဘောထားကွဲလွဲမှုများကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ဆွီဒင်ရဲ့ လုံခြုံရေးအတွက် ဝါရှင်တန် (အမေရိကန်အစိုးရ) က “အဆုံးအဖြတ်ပေးနိုင်တဲ့အခန်းကဏ္ဍ” မှ ဆက်လက်ပါဝင်နေဆဲဖြစ်ပေမဲ့ “ဤဆက်ဆံရေးသည် ပြောင်းလဲနေတယ်” လို့  ၎င်းစာတမ်းက အလေးအနက်ဆိုထားပါတယ်။  ထိုအခြေအနေကြောင့် ဆွီဒင်မူဝါဒချမှတ်သူများက ဥရောပသမဂ္ဂ (EU) အနေနဲ့ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။ 

ယူကရိန်းအပေါ် ဆွီဒင်၏ ထောက်ပံ့ကူညီမှုသည် ၎င်း၏ လုံခြုံရေးမူဝါဒတွင် “အဓိကကျသော” မဏ္ဍိုင်တစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားပါတယ်။  စတော့ဟုမ်း (ဆွီဒင်အစိုးရ) သည် ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် ၂၀၂၄ ခုနှစ်တွင် နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ကိဗ် (ယူကရိန်းအစိုးရ) ၏ အတက်ကြွဆုံး ကျောထောက်နောက်ခံပေးသူများထဲမှ တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့သည့်လကလည်း ဆွီဒင်သည် ယူကရိန်းသို့ JAS 39 Gripen တိုက်လေယာဉ် အစင်းရေ ၁၆ စင်းအထိ လှူဒါန်းရန်နှင့် နောက်ထပ် အစင်း ၂၀ ကို ရောင်းချပေးရန် အစီအစဉ်များရှိကြောင်း ကြေညာခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)