မြင်းခြံမြို့၌ (၁၁၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇေနိယဘုရားပွဲတော်နှင့် ဘဒ္ဒကမ္ဘာမုခ်ဦးတော်ကြီးဖွင့်ပွဲ အခမ်းအနား ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံမြို့၌ (၁၁၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇေနိယဘုရားပွဲတော်နှင့် ဘဒ္ဒကမ္ဘာမုခ်ဦးတော်ကြီးဖွင့်ပွဲ အခမ်းအနား ပြုလုပ်





မြင်းခြံ၊ ဇွန် ၂၃

မြင်းခြံမြို့၌ (၁၁၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇေနိယဘုရားပွဲတော်နှင့် ဘဒ္ဒကမ္ဘာမုခ်ဦးတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ဘုရားမုဒ်ဦး ရှေ့တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းမြင့်နှင့် တာဝန်ရှိသူများက (၁၁၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇေနိယ ဘုရားပွဲတော်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဘဒ္ဒကမ္ဘာမုခ်ဦးတော်ကြီး၏ အထိမ်းအမှတ် ကျောက်စာကို မုဒ်ဦးအလှူရှင်မှ ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ရာတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးခဲ့သည်။

(၁၁၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇေနိယဘုရားပွဲတော်အား ဝါဆိုလဆန်း ၈ ရက်နေ့မှ ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့အထိ  ၁၈ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်ရက်အတွင်း ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသထွက် အစားအစာများနှင့် အဝတ်အထည်များ စသည်တို့စုံလင်စွာ ရောင်းချလျက်ရှိပြီး၊ ပြည်သူများ အပန်းပြေပျော်ရွှင် စေရေးအတွက် ဇာတ်သဘင်ပွဲများပါဝင်ကာ အခြားပျော်ရွှင်ဖွယ်ရာ ဆော့ကစားနည်းများ ပါဝင်ကြောင်း သိရသည်။


ချစ်ဦးနွေ(မြင်းခြံ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)