ပေါင်၊ ဇွန် ၁၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုံးဆီတစ်ပိဿာ ရည်ညွှန်းဈေး (၈၀၇၀)ကျပ်၊ကြက်ဥ(၄)လုံး (၁၅၀၀)ကျပ် စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါဈေးရောင်းချခြင်းကိုစည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများကသက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မွန်မလေး
#MNP #News




No comments:
Post a Comment