နေပြည်တော်၊ ဇွန် ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြ သည်။
တိုင်းပြည်သာယာဝပြောရေးအတွက် အားလုံးပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်
ဦးစွာနိုင်ငံတော်သမ္မတကအဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည်သာယာ ဝပြောရေးအတွက် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် အားလုံးပူးပေါင်း၍ လုပ်ငန်းများအောင်မြင်မှုရှိစေရေး အတွက် ကဏ္ဍအလိုက်အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် စီမံကိန်း များကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုလာ မည့် ဘဏ္ဍာနှစ်အတွင်း ပညာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်မှုကဏ္ဍများ အဆင့် မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်သွားရန်လိုကြောင်း။
လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများကို လည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လို
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ အားနည်း နေဆဲပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်ပြီးခဲ့သည့် လဆန်းပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး မကြာမီရက်ပိုင်းက တရုတ်ပြည်သူသမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ခရီးစဉ်များသွားရောက်စဉ် မိမိတို့နိုင်ငံတွင်ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် လာစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုများ တိုးတက်လာခြင်းဖြင့် အလုပ်အကိုင်များရရှိမည်ဖြစ်သကဲ့သို့ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ပိုမို တိုးတက်အောင် ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ် လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်ငန်းများစွမ်းအားပြည့် လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် သွင်းအားစုများရရှိစေရေးသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မျက်ခြည်မပြတ်ကြပ်မတ်ဆောင်ရွက်ပေးသွားကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ် ကောင်းများစွာကိုပိုင်ဆိုင်ထားပြီးဖြစ်ပြီး လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊ အလုပ်လုပ် ချင်စိတ်သည် လူတိုင်းနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့် အလမ်းများလိုအပ်သဖြင့် နိုင်ငံတော်မှအလုပ် အကိုင်အခွင့်အလမ်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ် တတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရန် လိုအပ်သဖြင့် လိုအပ်သည် များကို သင်ကြားပြသပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းကုန်ထုတ် လုပ်ငန်းများတိုးတက် လာမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ အားလုံး လည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများတိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လို
ယခုအခါ မိုးရာသီသို့ရောက်ရှိပြီဖြစ်သဖြင့် စိုက်ပျိုးရန်သတ်မှတ်ထားသည့် သီးနှံများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် (၄)ချက် ကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိမှသာ အထွက်နှုန်း များတိုးတက်လာမည်ဖြစ်သဖြင့် မျိုးကောင်းမျိုးသန့်များရရှိစေရေး ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ မြေကောင်းမွန်ရေးအတွက်လည်း လိုအပ်သည့် သွင်းအားစုများဖြစ် သည့် ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာများကို စနစ်တကျထည့်သွင်း ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူစိုက်ပျိုးရေနှင့် အောင်ရေများ လုံလောက်စွာရရှိရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုပြီး နည်းစနစ်တကျစိုက်ပျိုး ရန်လည်းလိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရန် သတ်မှတ် ထားသည့် သီးနှံများအားလုံး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပိုမိုတိုးတက် အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ ကျွဲနွားများကို တရား မဝင် တင်ပို့ခြင်းများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျွဲနွားများ ရှားပါး လာသည်ကိုတွေ့ရှိရကြောင်း၊ ကျွဲနှင့်နွားများရှားပါးလာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်း များ ကိုထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် ကျွဲနှင့်နွားများပိုမိုတိုးတက်မွေးမြူနိုင်ရေး မွေးမြူ ရေးဇုန်များဖြင့် တစ်အုပ်တစ်မ မွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင် နို့စားနွားများကိုပါ ထည့်သွင်းမွေးမြူသွားရန်လိုကြောင်း၊ အလားတူ ဒေသအလိုက် စားသောက်ရေးကိုအထောက်အကူပြုစေမည့် ကြက်၊ ဝက်၊ ဆိတ်နှင့် ငါးများကိုလည်း တိုးတက်မွေးမြူသွားကြရန်လိုကြောင်း။
စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်များကိုတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်
ပညာရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျောင်းအပ် နှံမှုများမှာ ၇ သန်း ၂ သိန်းကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာရေး ကဏ္ဍမြှင့်တင်ရေးအတွက် KG+9 အထိ မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ KG+9 အထိသင်ကြားမည်ဆိုပါက ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်း၏ ဘဝရပ်တည်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်သည့်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးပညာရပ်များကိုတတ်ကျွမ်းသည့် လူသားအရင်းအမြစ် များစွာလိုအပ် ကြောင်း၊ ထို့ကြောင့် အခြေခံပညာအလယ်တန်းမှစတင်၍ စိုက်ပျိုးမွေးမြူရေး အခြေခံ ပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ပညာတတ်လူသားအရင်းအမြစ်များ ပိုမိုတိုးတက်ကြွယ်ဝလာစေရေးအတွက် ကျောင်းနေရာခိုင်နှုန်းများမြင့်မားလာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း။
အကြောင်းအမျိုးမျိုးဖြင့် အချို့အခြေခံပညာကျောင်းများကို ဖျက်သိမ်းခြင်းနှင့် အချို့ကိုပေါင်းစည်းသင်ကြားခြင်းများဆောင်ရွက်ခဲ့ရသည်ကိုတွေ့ရှိရကြောင်း၊ နယ်မြေ လုံခြုံမှုရှိသည့် ဒေသများမှ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းသား၊ ကျောင်းသူများ အပြည့်အဝတက်ရောက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ ကျောင်းများအဆင့်မြှင့်တင်လိုခြင်းနှင့်ပတ်သက်၍ ဒေသရှိကျောင်း တက်ရောက်သင်ကြားနိုင်မည့် ကျောင်းနေအရွယ်ကလေးငယ်များ၏ လူဦးရေအချိုး နှင့်တွက်ချက်၍ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းများအဆင့် မြှင့်တင်နိုင်ရေးဆောင်ရွက်ရာတွင် သင်ကြားရေးဝန်ထမ်းလိုအပ်ချက်များ၊ အုပ်ချုပ်မှု ဆိုင်ရာ လိုအပ်ချက်များကိုပါ ထည့်သွင်းစီမံဆောင်ရွက်ရသည်ဖြစ်သဖြင့် စနစ်တကျ တွက်ချက်ပြီးမှသာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် စနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် အလေးထားဆောင်ရွက်
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံပညာကျောင်းများမှစတင်၍ စနစ်တကျသင်ကြားပေးရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အနေ ဖြင့် အားကစားတွင် ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် ကာယနည်းပြဆရာများ၊ အားကစားနည်းပြဆရာများဖြင့် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်အလိုက် အားကစားပြိုင်ပွဲများကို စနစ်တကျဖြင့် ကျင်းပပြုလုပ်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရာတွင် လိုအပ်ချက်များ ရှိနေသေးသဖြင့် အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွန်း လာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် အလေးထား ဆောင်ရွက် သွားကြရန်လိုကြောင်း၊ အားကစားသမားများ၏ ရေရှည်ဘဝအာမခံချက် ရှိစေရေး အတွက်လည်း စဉ်းစားဆောင်ရွက်ပေးရန် လိုကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားများအား စနစ်တကျသုံးစွဲရန်လို
လျှပ်စစ်ဓာတ်အားများ တရားမဝင်ရယူသုံးစွဲနေမှုများနှင့်ပတ်သက်၍ ဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ စနစ်တကျဖြစ်စေ ရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စဉ်ဆက် မပြတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများအပြည့်အဝလည်ပတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် မိမိတို့နိုင်ငံနှင့် အကိုက်ညီဆုံး လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်ရေး တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက် မီးသွေးမှလည်း လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သဖြင့် မိမိတို့နိုင်ငံတွင်လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ရန် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများ တည်ဆောက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လျှပ်စစ် စွမ်းအင်သုံး မော်တော်ယာဉ်(EV)ကားများကို ပြည်တွင်း၌ပင် အစမှအဆုံးထုတ်လုပ်ပြီး ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်လို ကြောင်း၊ လျှပ်စစ်စွမ်းအင်သုံး ကုန်တင်ယာဉ်များ၊ အများပြည်သူသုံး သယ်ယူပို့ဆောင် ရေးယာဉ်များကိုလည်း ပြည်တွင်း၌သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။
ဒေသဝမ်းစာဖူလုံရေး
ဒေသအလိုက် ဝမ်းစာဖူလုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ဒေသဝမ်းစာဖူလုံရေးဆောင်ရွက်ရန်အခက်အခဲရှိသည့် အချို့သော ဒေသများ၌လည်း ဝမ်းစာဖူလုံမှုရှိစေရေး နိုင်ငံတော်မှ တတ်နိုင် သရွေ့နည်းလမ်းရှာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးဆီဖူလုံရေး နှင့်ပတ်သက်၍လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲပုပ်၊ နေကြာ၊ နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းစေရေးအတွက်လည်း အလေး ထား ဆောင်ရွက် ပေးသွားရန်လိုကြောင်း မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ပြည်သူများ၏လိုလားချက်များနှင့် မိမိတို့၏မူဝါဒ သဘောထားများကိုက်ညီမှုရှိစေရေး ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရန်လို
ယင်းနောက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ခရိုင် အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်လိုပြီး ညီညွတ်မျှတ သည့်အုပ်ချုပ်မှုပုံစံရှိရန်လိုကြောင်း၊ မိမိတို့ကွပ်ကဲရသည့် ဝန်ထမ်းများနှင့် မိသားစု များ၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေး ကိုယ်တာအခက်အခဲများနှင့် ပတ်သက်၍
လည်း တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် ကိုယ်စိတ်နှလုံး ချမ်း မြေ့စွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေး အတွက်လည်း ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့ဖြေရှင်းပေးနိုင် သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ပြည်သူများ၏ လိုလား ချက်ကို မှန်ကန်စွာ သိရှိနိုင်မှသာလျင် ဖြေရှင်းပေး နိုင်မည်ဖြစ်သဖြင့် ပြည်သူ့ဆက်ဆံ ရေးကောင်းမွန်ရန်လည်းလိုကြောင်း၊ အစိုးရအနေဖြင့် မိမိတို့ဖြစ်လိုသည်များကို မူဝါဒချမှတ်ဆောင်ရွက်ရသည်ဖြစ်သော်လည်း ပြည်သူ များ၏ဆန္ဒကို လျစ်လျူရှုခြင်း မျိုးမဖြစ်ရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့် ကဏ္ဍအလိုက်၊ အလွှာအလိုက် လိုလားချက်များ၊ သဘောသဘာဝများ တူညီမှုရှိမည်မဟုတ်သည့် အတွက် ပြည်သူများ၏လိုလားချက်များနှင့် မိမိတို့၏ မူဝါဒ သဘောထားများ ကိုက်ညီမှုရှိစေရေး ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News



No comments:
Post a Comment