ဓာတ်ဆီဈေးတွေတင်ထားတာနဲ့ ပတ်သက်ပြီး ရေနံကုမ္ပဏီကြီးတွေကို စစ်ဆေးဖို့ ထရမ့် အမိန့်ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓာတ်ဆီဈေးတွေတင်ထားတာနဲ့ ပတ်သက်ပြီး ရေနံကုမ္ပဏီကြီးတွေကို စစ်ဆေးဖို့ ထရမ့် အမိန့်ထုတ်ပြန်


ဇွန် - ၂၅ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေနံစျေးနှုန်းတွေ ကျဆင်းနေပေမဲ့လည်း ဓာတ်ဆီစျေးတွေကို တမင်တကာ မြှင့်ထားတာနဲ့ စားသုံးသူတွေဆီကနေ ခေါင်းပုံဖြတ်နေကြတယ်လို့ စွပ်စွဲလိုက်ပြီး၊ အဓိက ရေနံကုမ္ပဏီကြီးတွေကို စုံစမ်းစစ်ဆေးဖို့ တရားရေးဝန်ကြီးဌာနကို အမိန့်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင် ခဲ့လို့ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွေ ထိခိုက်ပြီး ရေနံစျေးနှုန်းတွေ ထိုးတက်သွားခဲ့တာပါ။ မနေ့ကတော့ ထရုသ်ဆိုရှယ်လူမှုကွန်ရက်ပေါ်က ထရမ့်ရဲ့ ပို့စ်တစ်ခုမှာ ထရမ့်က “အခုကိစ္စကို ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့” တရားရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ ပြောခဲ့ပြီး၊ ဆီစျေးတွေဟာ သူလောလောဆယ် မြင်တွေ့နေရတာထက် “အများကြီး ပိုမြန်မြန် ကျဆင်းသွားဖို့” မျှော်လင့်တယ်လို့ ရေးတင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပို့စ်ထဲမှာ ဘယ်ရေနံကုမ္ပဏီကိုမှ နာမည်တပ်ပြီး သီးသန့်စွပ်စွဲသွားတာမျိုးတော့ မရှိပါဘူး။

“ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်ယူရတဲ့ ရေနံစျေးနှုန်းတွေ အာရုံစိုက်စရာကောင်းလောက်အောင် ထိုးကျသွားတာနဲ့အညီ ဆီဆိုင်တွေက လက်လီစျေးနှုန်းတွေကို လျှော့မပေးကြဘူး” လို့ ထရမ့်က ပြောပါတယ်။ “အဲဒီ (ကုန်ကြမ်း) စျေးနှုန်းတွေက ခဲတစ်လုံးလို အရှိန်အဟုန်နဲ့ ထိုးကျနေတာပါ။ တစ်နည်းအားဖြင့် ပြောရရင် စားသုံးသူတွေဟာ ‘ခေါင်းပုံဖြတ်’ ခံနေရတာ ဖြစ်ပါတယ်”

ကမ္ဘာ့ရေနံစျေးကွက်ရဲ့ စံနှုန်းဖြစ်တဲ့ ဘရန့်ရေနံစိမ်း စျေးဟာ ပြီးခဲ့တဲ့ မေလတုန်းက တစ်စည်ကို ၁၂၀ ဒေါ်လာနီးပါးအထိ မြင့်တက်ခဲ့ပြီးနောက် အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း ရောက်ရှိခဲ့တဲ့ အမြင့်ဆုံးစျေးတွေကနေ အခုအခါမှာတော့ ရေနံစျေးနှုန်းတွေ သိသိသာသာ ပြန်လည်ကျဆင်းနေပါပြီ။ 

အမေရိကန်နိုင်ငံရဲ့ ပုံမှန်ဓာတ်ဆီပျမ်းမျှစျေးနှုန်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက တစ်ဂါလံကို ၄ ဒေါ်လာကျော်အထိ အမြင့်ဆုံးရောက်ခဲ့ရာကနေ အခုတော့ ၃.၉၀ ဒေါ်လာဝန်းကျင်အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်မဖြစ်ခင်က စျေးနှုန်းတွေနဲ့ ယှဉ်ရင်တော့ မြင့်မားနေဆဲပါပဲ။ အခြေခံအားဖြင့် ဓာတ်ဆီစျေးနှုန်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ ရေနံစိမ်းစျေးနောက်ကို လိုက်ပါပြောင်းလဲလေ့ ရှိပေမဲ့ ချက်ချင်းလက်ငင်းတော့ ပြောင်းလဲလေ့မရှိပါဘူး။ ဆီဆိုင်တွေက ရောင်းစျေးအပေါ်မှာ ရေနံချက်လုပ်မှု၊ ဖြန့်ဖြူးမှုနဲ့ ဒေသတွင်းစျေးကွက် အခြေအနေ စတဲ့ အချက်အလက်တွေကလည်း သက်ရောက်မှု ရှိနေတတ်ပါတယ်။

အာရှစျေးကွက် အရောင်းအဝယ်မှာ ရေနံစျေးနှုန်းတွေ ထပ်မံကျဆင်းသွားခဲ့ပါတယ်။ စျေးကွက်အခြေအနေအရ လာမယ့် ဩဂုတ်လအတွက် ဘရန့်တ်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုစျေးနှုန်းဟာ ၀.၉၁ ရာခိုင်နှုန်း ကျဆင်းပြီး တစ်စည်ကို ၇၆.၃၈ ဒေါ်လာ ဖြစ်သွားခဲ့သလို၊ အမေရိကန်  (WTI) ရေနံစိမ်းစျေးနှုန်းကလည်း ၀.၉၄ ရာခိုင်နှုန်းအထိ ကျဆင်းကာ တစ်စည်ကို ၇၂.၅၂ ဒေါ်လာအထိ ရောက်ရှိသွားခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)