နေပြည်တော် ဇွန် ၂၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို နယ်အတွင်း တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်း စေရေးအတွက် မြောက်ပိုင်းခရိုင်၊ မြို့နယ်များတွင် စီမံချက်အစုအဖွဲ (၂၄)အဖွဲ့ဖြင့် ရှောင်တခင် အသေး စိတ်ဝင်ရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြု ထားသော မီတာမှာ Cover Seal နှင့် Terminal Seal များ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ယင်း မသမာမှုဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အား ၃၀၁,၄၃၄ ယူနစ် နစ်နာဆုံးရှုးခဲ့ရသဖြင့် နစ်နာဆုံးရှုးမှုအတွက် ဓာတ်အားခလျော်ကြေး၊ ဒဏ်ကြေး ငွေကျပ် ၁၅၁,၀၁၇,၂၆၀ ကို ဇွန် ၁၉ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ပေးဆောင်စေခဲ့ပြီး မီတာအားချက်ချင်းဖြုတ်သိမ်း၍ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲထားသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် မှော်ဘီမြို့နယ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေမှုများကို Control Center မှ စောင့်ကြည့်စစ်ဆေး၍ သံသယ ဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့သွားရောက်ပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စုံစမ်းဖော်ထုတ်အရေးယူခြင်း၊ ပြည်သူများ၏ တိကျစွာသတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အားယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေး ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများအား ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား မသမာသုံးစွဲမှုများနှင့်ပတ်သက်၍ တိကျစွာသတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#MNP #News

No comments:
Post a Comment