ယူအေအီးက အိန္ဒိယထုတ် ဘရာမို့စ်အသံထက်မြန်တဲ့ ဒုံးကျည်တွေဝယ်ဖို့ ဈေးဆိုင်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူအေအီးက အိန္ဒိယထုတ် ဘရာမို့စ်အသံထက်မြန်တဲ့ ဒုံးကျည်တွေဝယ်ဖို့ ဈေးဆိုင်နေပြီ




ဇွန် - ၂၃ ( အင်္ဂါနေ့ ) 

အိန္ဒိယနိုင်ငံက ဘရာမို့စ် အသံထက်မြန်တဲ့ ခရုစ်ဒုံးကျည်များ  အရောင်းအဝယ် ဖြစ်လာနိုင်ခြေအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ကနဦးဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ 

အရှေ့အလယ်ပိုင်းပဋိပက္ခရဲ့ နောက်ဆက်တွဲအခြေအနေများနဲ့ ဒေသတွင်းတည်ငြိမ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေသည့်ကြားတွင် ယူအေအီးက လက်နက်ဝယ်ယူမှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ယခုဆွေးနွေးမှုများတွင် အိန္ဒိယနိုင်ငံထုတ် အာကာရှ်သျှား လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူနိုင်ခြေလည်း ပါဝင်နေကြောင်း သတင်းမြစ်နှစ်ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလိုက်တာပါ။ 

"အိန္ဒိယနဲ့ ယူအေအီး ကြား ဆွေးနွေးမှုတွေဟာ ကနဦးအဆင့်မှာပဲ ရှိသေးပေမဲ့ အရှိန်အဟုန်နဲ့ တိုးတက်ဖြစ်ထွန်း နေပါတယ်" လို့ တတိယမြောက် သတင်းမြစ်တစ်ခုက ပြောပါတယ်။  အိန္ဒိယနှင့် ရုရှားတို့ ပူးတွဲထုတ်လုပ်ထားတဲ့ ဘရာမို့စ် ဒုံးကျည်က ကမ္ဘာ့အမြန်ဆုံး ခရုစ်ဒုံးကျည်များထဲတွင် ပါဝင်ပြီး ကုန်းပြင်၊ ရေပြင်နှင့် ဝေဟင်သုံး အမျိုးအစားဆိုပြီး မူကွဲများလည်းရှိပါတယ်။  အသံထက် ၃ ဆ  အထိ မြန်နှုန်းရှိသော အဆိုပါဒုံးကျည်ကို ပြီးခဲ့တဲ့နှစ်က အိန္ဒိယတပ်ဖွဲ့များက ပါကစ္စတန်ပစ်မှတ်များအပေါ် အသေအပျောက်များပြားစေတဲ့ ပြင်းထန်သော ထိရောက်မှုဖြစ်အောင် အသုံးပြုခဲ့ပါတယ်။ 

အာကာရှ်သျှား ကိုတော့ နိုင်ငံပိုင် ဘာရတ် အီလက်ထရောနစ် လီမိတက် နဲ့  အိန္ဒိယကြည်းတပ်တို့ ပူးတွဲတီထွင်ထားသတဲ့ အပြည့်အဝအလိုအလျောက်စနစ်သုံး လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)