မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများသန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး နှင့် ဈေးရောင်းချသူများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှု ရှိစေရေး အသိပညာပေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများသန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး နှင့် ဈေးရောင်းချသူများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှု ရှိစေရေး အသိပညာပေး ဆွေးနွေး





မြောက်ဥက္ကလာပ၊ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ဆုတောင်းပြည့်မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး ဘုရားဖူးပြည်သူများစိတ်အေးချမိးသာစွာဖူးမျှော်ကြည်ညိုနိုင်ရေး ဈေးဆိုင်ရောင်းချသူများအား သတ်မှတ်ချက်များ နှင့်အညီ ရောင်းချမှု ရှိစေရေး အသိပညာပေး  ဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၂ နာရီ အချိန်  အဆိုပါ စေတီတော်အတွင်းရှိ မူလ(ဓမ္မာရုံ)တွင်ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကား ပြောကြားရာတွင် ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီး၀င်း အတွင်းရှိ ဈေးဆိုင်ရောင်းချသူများ အနေဖြင့်  ဈေးရောင်းချရာတွင် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ရောင်းချမှူ ရှိစေရေး၊ စေတီတော်ကြီး အတွင်း ဈေး ရောင်းချသူများက  မိမိတို့၏ ဆိုင်အနီးပတ်၀န်းကျင် သန့်ရှင်းမှုရှိစေရေးဆောင်ရွက်ကြရန်၊  ဈေးဆိုင် ရောင်းချသူများ အနေဖြင့် သတ်မှတ်နေရာထက် ကျော်လွန် ရောင်းချမှု မရှိ စေရေး၊ ဆုတောင်းပြည့်မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး ဘုရားဖူးပြည်သူများစိတ်အေးချမ်း သာစွာဖူးမျှော်ကြည်ညိုနိုင်ရေး စသည့်တို့ကို မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ အတွင်းရေးမှူး နှင့် တာ၀န်ရှိသူများက လိုအပ်သည်များကို မှာကြားခဲ့ကြပြီး စေတီတော်ထိန်း ဂေါပကအဖွဲ့၀င်များက ဈေးဆိုင်ခန်းများ ၏ အခြေအနေများအား တင်ပြခဲ့သည်။ 

ဆက်လက်၍ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီး ၀င်းအတွင်းရှိ  ဈေးဆိုင်ရောင်းချသူများက ၎င်း တို့၏ အခက်အခဲများအား ဆွေးနွေးတင်ပြခဲ့ကြရာ လိုအပ်သည်များကို တာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


သက်လွင်စိုး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)