မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်







ပေါင်၊ ဇွန်  ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးက နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အကောင် အထည်ဖော် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြည့်စုံကောင်းမွန်စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း၊ သောက်သုံးရေရရှိရေး ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးလက် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village )၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)များကို နှစ်စဉ် လျာထားသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလွှဲပြောင်းပေးအပ်သော စီမံကိန်းရန်ပုံငွေများအပြင် ကျေးရွာလူထု၏ ထည့်ဝင်ငွေများဖြင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ကျေးရွာသူ၊ ကျေးရွာသားများမှ ထိန်းသိမ်းစောင့်ရှောက် သွားရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးက ရေးစုကျေးရွာမှ ကော်မတီဝင် (၂)ဦးနှင့် ဇာကဒွန်းကျေးရွာမှ ကော်မတီဝင်(၂)ဦးတို့အား ရန်ပုံငွေများအား လည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ညောင်ကုန်းလေးကျေးရွာမှ ကော်မတီဝင် (၂) ဦးနှင့် ဇီးကုန်းကျေးရွာမှ ကော်မတီဝင် (၂)ဦးတို့အား လည်းကောင်း ရန်ပုံငွေများ လွဲပြောင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးသည် စည်ပင်သာရေးဝန်ကြီးနှင့်အတူ ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စု၊ လက်ပံကျေးရွာရှိ  ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဖြစ်သည့် ခြံပိုင်ရှင် ဦးအောင်မိုး၏ ဝက်မွေးမြူရေးခြံသို့ သွားရောက်ပြီး ဦးစွာ ခြံပိုင်ရှင်က ဝက်မွေးမြူဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးက ဝက်သားပေါက်များကို စဉ်ဆက်မပြတ် မွေးမြူဖြန့်ဖြူးနိုင်ရေး၊ အနံ့အသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက်ရောဂါများ ကျရောက်မှုမရှိစေရေးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား၍ မွေးမြူရေးခြံအတွင်း ဝက်အကောင်ရေ(၂၅)ကောင် မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးသည် သဲဖြူကုန်းကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာတွင် ဆောက်လုပ်ခဲ့သည့် လမ်းတံတားနှင့် ဆက်လက်ဆောင်ရွက်မည့် လမ်းနေရာသို့ သွားရောက်ပြီး ဦးစွာ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကန်ဖြူကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးက စံချိန်စံညွှန်းပြည့်မီရေးသတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရန်နှင့် လမ်းအရည်အသွေး ပြည့်မီအောင် အလေးထားဆောင်ရွက်ရန်ပူးပေါင်းဆောင်ရွက်ရေး၊ လမ်းနယ်မြေ ရှင်းလင်းရေးနှင့် လုပ်ငန်းခွင်အဆင်ပြေစေရေးအတွက် ဒေသခံများနှင့် တာဝန်ရှိသူများ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ရန်၊ ရေရှည်တည်တံ့ရေး၊ လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ စနစ်တကျ ထည့်သွင်းဆောက်လုပ်ရန်တို့ကို သက်ဆိုင်ရာ  တာဝန်ရှိသူများအား မှာကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)