ဇွန် - ၁၉ ( သောကြာနေ့ )
အိန္ဒိယ ဘီလျံနာသူဌေးကြီး မူကတ်ရှ် အမ်ဘာနီ က ကမ္ဘာပတ်လမ်းကြောင်းနိမ့် အတွင်းသို့ ဂြိုဟ်တုအုပ်စု အမြောက်အမြား လွှတ်တင်ရန် ရည်မှန်းချက်ကြီးမားသော စီမံကိန်းတစ်ခုကို ပြင်ဆင်နေပါတယ်။
ယခုခြေလှမ်းက အိန္ဒိယနိုင်ငံတွင်ဆက်သွယ်ရေးကဏ္ဍ၌ ထိပ်တန်းမှ ဦးဆောင်နေတဲ့ အမ်ဘာနီ၏ ရီလိုင်းရန့်စ် ဂျီအို ကုမ္ပဏီကို လက်ရှိတွင် အီလွန် မတ်စ် ရဲ့ စတားလင့်ခ် နဲ့ ဂျက်ဖ် ဘီဇော့စ် ရဲ့ အမေဇုံလီယို တို့က လွှမ်းမိုးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွင်းသို့ တွန်းပို့ပေးမှာ ဖြစ်ပါတယ်။ အမ်ဘာနီသည် အိန္ဒိယနိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ခန့်မှန်းခြေ အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် ရှိပါတယ်။
ဂျီအို ကုမ္ပဏီက ကမ္ဘာ့အနိမ့်ပတ်လမ်းကြောင်း အမြင့် ၆၅၀ ကီလိုမီတာခန့်ရှိတဲ့ နေရာသို့ ဂြိုဟ်တုပေါင်း ၁,၆၀၀ ခန့် လွှတ်တင်ရန် စီစဉ်ထားကြောင်း အီကိုနိုမစ်တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယခုလုပ်ဆောင်ချက်သည် ကုမ္ပဏီအနေဖြင့် အိန္ဒိယနိုင်ငံရဲ့ ဆက်သွယ်ရေးနှင့် ဖိုင်ဘာအင်တာနက် ဈေးကွက်များတွင် ၎င်း၏ လွှမ်းမိုးမှုကို အာကာသဟင်းလင်းပြင်အထိ တိုးချဲ့လာနိုင်စေမည်ဖြစ်ပြီး၊ မဟာဗျူဟာမြောက်ရည်မှန်းချက်အဖြစ် ယခုကဏ္ဍတွင် အိန္ဒိယနိုင်ငံအနေဖြင့် ပြည်ပအခြေခံအဆောက်အအုံများအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက်လည်း များစွာအထောက်အကူပြုစေမှာပါ။
Ref: RT
#MNP #News


No comments:
Post a Comment