တောင်အာဖရိက နိုင်ငံ့ဝန်ထမ်းလောကကို အမျိုးသမီးတွေ ကြီးစိုးသွားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်အာဖရိက နိုင်ငံ့ဝန်ထမ်းလောကကို အမျိုးသမီးတွေ ကြီးစိုးသွားပြီ


ဇွန် - ၁၉ ( သောကြာနေ့ ) 

တောင်အာဖရိကနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းအများစုမှာ အမျိုးသမီးများဖြစ်ကြကြောင်း ပြည်သူ့ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီး အင်ကိုစီ မာဇာမို ဘူသီလီဇီ က ယခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ နိုင်ငံ၏ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ လုပ်သားအင်အားအခြေအနေကို ဖော်ပြထားတဲ့ လွှတ်တော်တွင်း ပြန်လည်ဖြေကြားချက်တစ်ခု၌ ပြောကြားခဲ့ပါတယ်။ 

ဖော်ပြပါ ကိန်းဂဏန်းများအရ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွင် လူဦးရေ ၁.၂ သန်းကျော်ကို ခန့်အပ်ထားရာ ယင်းတို့ အနက် ၇၇၉,၄၈၁ ဦးမှာ အမျိုးသမီးများဖြစ်ပြီး စုစုပေါင်းလုပ်သားအင်အား၏ ၆၃.၅% ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် အဆင့်မြင့်စီမံခန့်ခွဲမှုအဆင့်တွင် အမျိုးသမီးများ ပါဝင်မှုနှုန်း အစိုးရရဲ့ အလုပ်အကိုင် ဆိုင်ရာ သာတူညီမျှမှု ရည်မှန်းချက်ဖြစ်သော ၅၀% ထက် ကျော်လွန်နေကြောင်း ဘူသီလီဇီက ပြောကြားခဲ့ပါတယ် ။ 

ထို့အပြင် အဆိုပါ အချက်အလက်များအရ လူငယ်ထုသည် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၏ သိသာထင်ရှားသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပြီး ဝန်ထမ်းပေါင်း ၂၉၃,၉၃၀ ဦးကို လူငယ်အဖြစ် သတ်မှတ်ထားကြောင်း ပြသနေပါတယ်။ ယင်းသည် နိုင်ငံတော်အဖွဲ့အစည်းများတွင် လူငယ်များ ပိုမိုပါဝင်လာစေရန် အစိုးရ၏ ကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဘူသီလီဇီက ပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း မသန်စွမ်းဝန်ထမ်းများနှင့် ပတ်သက်လာလျှင်မူ အခြေအနေမှာ အားရကျေနပ်စရာ သိပ်မရှိလှပေ။ နိုင်ငံ့ဝန်ထမ်းများအနက် ၁၄,၆၂၆ ဦးမှာ မသန်စွမ်းသူများဖြစ်ကြသော်လည်း ယင်းပမာဏမှာ စုစုပေါင်းလုပ်သားအင်အား၏ ၁.၂% မျှသာ ရှိပါတယ်။ ယခုပမာဏသည် လက်ရှိသတ်မှတ်ထားသော အလုပ်အကိုင်ဆိုင်ရာ သာတူညီမျှမှု ရည်မှန်းချက် ၃% အောက် များစွာလျော့နည်းနေသေးရုံမျှမက၊ ၂၀၃၀ ပြည့်နှစ်တွင် ၇% အထိ ပါဝင်လာစေရန် အသစ်ထုတ်ပြန်လိုက်သည့် ရည်မှန်းချက်နှင့်လည်း များစွာကွာဟနေပါသေးတယ်။ 

အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန်အတွက် မူဝါဒအချို့ကို ချမှတ်မိတ်ဆက်ခဲ့ကြောင်း ဘူသီလီဇီက ထပ်လောင်းပြောကြားခဲ့ပြီး၊ ယင်းမူဝါဒများတွင် မသန်စွမ်းဝန်ထမ်းများကို အလုပ်ခန့်အပ်ခြင်းနှင့် ရေရှည်ထိန်းသိမ်းထားနိုင်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် အစီအမံများ၊ ကျား-မ တန်းတူညီမျှမှုကို တိုးမြှင့်ဖော်ဆောင်ခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ တစ်ခုလုံးတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေး တိုက်တွန်းအားပေးခြင်း စသည့် လုပ်ငန်းစဉ်များ ပါဝင်တယ်လို့ သိရပါတယ်။ 


Ref: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)