ပေါင်မြို့နယ် အထက(ကျွဲခြံ)ကျောင်း၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ် အထက(ကျွဲခြံ)ကျောင်း၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်





ပေါင်၊ ဇွန်  ၁၉

မွန်ပြည်နယ်၊ပေါင်မြို့နယ် အထက (ကျွဲခြံ) ကျောင်း၌ ဥပဒေအသိပညာပေးဟောပြောပွဲကို ယ‌နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်း၊ပေါင်မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးသန်း၊ဒုတိယမြို့နယ်ဥပ‌ဒေအရာရှိ ဒေါ်ဝင့်ရည်ဦး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နှင်းထက်ထက်ဟန်၊ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မေသီတာစိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊သစ်‌တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်း‌ဌေး၊ကျွဲခြံ‌ကျေးရွာအုပ်ချုပ်ရေးမှူး ဦး‌အောင်ဇော်ဦး၊ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၃၀၀)ဦးတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်း က မှုခင်းကျဆင်းရေးအသိပညာပေးနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများခေါင်းစဉ်ဖြင့်လည်းကောင်းဖြင့်လည်းကောင်း၊ ပေါင်မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးသန်းက လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင့်ရည်ဦးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နှင်းထက်ထက်ဟန်က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါကဆောင်ရန်၊ရှောင်ရန်အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မေသီတာစိုးက သွေးလွန်တုပ်ကွေး‌ ရောဂါအကြောင်းသိကောင်းစရာ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊သစ်‌တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက ထင်းအစားထိုး စွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကသိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ အထက(ကျွဲခြံ)ကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါ်သန်းသန်း‌ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)