နိုင်ငံ့လုံခြုံရေးပြဿနာတိုင်းကို လူသတ်တဲ့နည်းနဲ့ ဖြေရှင်းလို့မရပါဘူးလို့ ဂျေဒီဗန့်စ် ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံ့လုံခြုံရေးပြဿနာတိုင်းကို လူသတ်တဲ့နည်းနဲ့ ဖြေရှင်းလို့မရပါဘူးလို့ ဂျေဒီဗန့်စ် ဆို


ဇွန် - ၁၉ ( သောကြာနေ့ ) 

အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်နဲ့ ပြုလုပ်နေတဲ့ သဘောတူညီချက်ကို ဆန့်ကျင်နေကြတဲ့ အစ္စရေးအစွန်းရောက်များကို ဝေဖန်လိုက်ပြီး နိုင်ငံတစ်ခုအနေဖြင့် လုံခြုံရေးပြဿနာတိုင်းကို “လူသတ်ခြင်း” နည်းလမ်းဖြင့်သာ လိုက်လံဖြေရှင်း၍ မရနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ 

ဗန့်စ်ရဲ့ မှတ်ချက်က လက်ဘနွန်အပါအဝင် စစ်မက်ဖြစ်ပွားမှုအားလုံးကို အဆုံးသတ်ရန် တောင်းဆိုထားတဲ့ အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာကို အသစ်စက်စက် လက်မှတ်ရေးထိုးထားပေမဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ၎င်းတို့ရဲ့ မြောက်ဘက်အိမ်နီးချင်းနိုင်ငံ (လက်ဘနွန်) မှ အစ္စရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းရန် ငြင်းဆန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

အဆိုပါ သဘောတူညီချက်အပေါ် ဝေဖန်ပြစ်တင်နေကြတဲ့ အစ္စရေးအစွန်းရောက်များကို တုံ့ပြန်သည့်အနေဖြင့် ဗန့်စ်က ကြာသပတေးနေ့တွင် New York Times သတင်းစာသို့ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ “ခင်ဗျားတို့ရဲ့ တိကျတဲ့ အဆိုပြုချက်က ဘာလဲ။ ခင်ဗျားတို့က လူဦးရေ ကိုးသန်းပဲရှိတဲ့ နိုင်ငံတစ်ခုပါ။ ခင်ဗျားတို့ ကြုံတွေ့နေရတဲ့ အမျိုးသားလုံခြုံရေး ပြဿနာတိုင်းကို လူသတ်တဲ့နည်းလမ်းတစ်ခုတည်းနဲ့ပဲ ဖြေရှင်းလို့ မရနိုင်ပါဘူး”လို့ ဆိုသွားပါတယ်။ 

ဗန့်စ်က အစ္စရေးအနေဖြင့် သံတမန်ရေးရာနည်းလမ်းကို အခွင့်အရေးပေးရန်နဲ့ ဝါရှင်တန် (အမေရိကန်အစိုးရ) အပေါ်  “အသိအမှတ်ပြုမှု အနည်းငယ်” ပြသရန် တိုက်တွန်းခဲ့ပြီး၊ အမေရိကန်သမ္မတသည် အစ္စရေးအတွက် ယုံကြည်စိတ်ချရတဲ့ အနည်းငယ်လောက်သော ထောက်ခံသူများထဲမှ တစ်ဦးအဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြောကြားကာ အဆိုပါ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ထရမ့်ကို လူသိရှင်ကြား ဝေဖန်တိုက်ခိုက်ခြင်း မပြုရန် အစ္စရေးတာဝန်ရှိသူများကို သတိပေးခဲ့ပါတယ်။ 

ဒါပေမဲ့ ဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးအနေဖြင့် လိုအပ်တယ်လို့ ယူဆသရွေ့ ကာလပတ်လုံး အစ္စရေးတပ်ဖွဲ့ဝင်များက လက်ဘနွန်တောင်ပိုင်းတွင် ဆက်လက်ရှိနေမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။  ကြာသပတေးနေ့တွင် ၎င်းက “ကျွန်တော်တို့ မြောက်ဘက်ပိုင်းမှာ လုံခြုံရေးကို ပြန်လည်ဖော်ဆောင်သွားမှာပါ”လို့ ပြောခဲ့ပြီး လက်ဘနွန်တောင်ပိုင်းတွင် “လုံခြုံရေးဇုန် ”တစ်ခုကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ 

နေတန်ယာဟုရဲ့ မှတ်ချက်စကားများ မထွက်ပေါ်လာမီလေးတွင်ပင် အစ္စရေးစစ်တပ် (IDF) က လက်ဘနွန်ပိုင်နက်အတွင်းသို့ ၁၀ ကီလိုမီတာခန့်အထိ သိမ်းပိုက်ထားတဲ့ ဧရိယာကို ဖော်ပြထားတဲ့ မြေပုံအသစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ် ကလည်း အစ္စရေးတပ်ဖွဲ့ဝင်များက လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာတို့တွင် လိုအပ်သရွေ့ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့ဖူးပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)