ဇွန် - ၂ ( အင်္ဂါနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ဘနွန်တွင် အစ္စရေးရဲ့ စစ်ရေးတိုးမြှင့်ဆောင်ရွက်မှုများနဲ့ ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီး ဆဲကြ ဆိုကြတဲ့ အထိဖြစ်ခဲ့တယ်လို့ အက်ဇီယိုစ်သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့ပါတယ်။ အဲ့ဒိသတင်းက အမေရိကန် အရာရှိနှစ်ဦး နဲ့ ဖုန်းပြောတဲ့အကြောင်းကို သိရှိထားတဲ့ တတိယအရင်းအမြစ်တစ်ဦးကို ကိုးကားထားခြင်း ဖြစ်ပါတယ်။
အစ္စရေးရဲ့လုပ်ရပ်များက အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးညှိနှိုင်းမှုများကို အန္တရာယ်ဖြစ်စေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး၊ ဘေရွတ်မြို့ကို တိုက်ခိုက်ရန် စီစဉ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ရန်လည်း တောင်းဆိုခဲ့ပါတယ်။
အဲ့ဒိဖုန်းဆက်ပြောဆိုမှုက ထရမ့် သမ္မတ ပြန်ဖြစ်ပြီးနောက် သူတို့၂ ယောက်ရဲ့ဖုန်းဆက်သွယ်မှုအထဲမှာ အဆိုးရွားဆုံး ဖုန်းပြောမှုဖြစ်ခဲ့ပါတယ်။
“မင်းက သောက်ရူးပဲ။ ငါသာ မရှိရင် မင်း ထောင်ထဲရောက်နေလောက်ပြီ။ ငါက မင်းကို ကယ်တင်နေတာ။ အခုတော့ လူတိုင်းက မင်းကို မုန်းနေကြပြီ။ ဒီကိစ္စကြောင့် လူတိုင်းက အစ္စရေးကိုပါ မုန်းနေကြပြီ” လို့ ထရမ့်က နေတန်ယာဟုကို ပြောဆိုခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ဖုန်းပြောဆိုမှုအကြောင်းကို အကျဉ်းချုပ်ဖော်ပြခဲ့ပါတယ်။
ဖုန်းခေါ်ဆိုမှုအကြောင်း သိရှိထားတဲ့ ဒုတိယအရင်းအမြစ်တစ်ဦးကလည်း ထရမ့်က “အရမ်းကြီးကို ဒေါသထွက်နေခဲ့ကြောင်းနဲ့ မင်း ဘာတွေလုပ်နေတာလဲကွာ” လို့ အော်ဟစ်ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။
သတင်းများအရ အမေရိကန်သမ္မတ ထရမ့်က အစ္စရေးရဲ့ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ကို ထောက်ခံကြောင်း အလေးပေးပြောဆိုခဲ့ပေမဲ့ မကြာသေးမီရက်များအတွင်း နေတန်ယာဟု အနေဖြင့် စစ်ရေးဆောင်ရွက်မှုများကို အလွန်အကျွံ တိုးမြှင့်လုပ်ဆောင်ခဲ့တာကို စိုးရိမ်နေရပြီလို့ ဖော်ပြခဲ့ပါတယ်။
ထို့အပြင် အရပ်သားသေဆုံးမှုများ တိုးလာခြင်းနဲ့ ဟစ်ဇ်ဘိုလာတပ်မှူးတစ်ဦးချင်းစီကို ပစ်မှတ်ထား တိုက်ခိုက်ရန် အတွက် အဆောက်အအုံတစ်ခုလုံးကို ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်များအပေါ်လည်း ထရမ့် က စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ပါတယ်။
အစ္စရေးက မကြာသေးမီရက်များအတွင်း လက်ဘနွန်နိုင်ငံတောင်ပိုင်းက ဟစ်ဇ်ဘိုလာ ပစ်မှတ်များလို့ သတ်မှတ်ထားတဲ့ နေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်စွာ ဆောင်ရွက်လာခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အီရန်က အမေရိကန်နဲ့လုပ်ထားတဲ့ ငြိမ်းချမ်းရေး မူကြမ်းမှာပါတဲ့ လက်ဘနွန်မှာ ရန်လိုတိုက်ခိုက်မှုများ ရပ်ဆိုင်းရေးကို အတိအလင်း ထည့်သွင်းထားတာကို ထောက်ပြပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းတော့မယ်လို့ ဆိုသွားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment