ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှု






ပေါင်၊ ဇွန်  ၂

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့်တာဝန်ရှိသူတို့က အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုရာတွင်ပေါင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စာသင်ကျောင်းဆောင်များတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ခန့်ထည်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို မေလ (၂၅ )ရက်နေ့မှ (၃၁)ရက်နေ့ထိ ကျောင်းအပ်လက်ခံခဲ့ပြီးဖြစ်ရာ ဇွန် (၁) ရက်နေ့မှစတင်၍  ပေါင်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်၏ဦးဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)