ဂန့်ဂေါမြို့တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်






ဂန့်ဂေါ၊ ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ အများပြည်သူများ လေပြင်းဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် ယနေ့ နံနက် ၉ နာရီအချိန်က စည်ပင်သာယာရပ်ကွက်နှင့် မြို့မရပ်ကွက်များသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် နွေကြိုကာလ၊ နွေကာလနှင့် မိုးကြိုကာလများတွင် ဖြစ်ပေါ်နိုင်သည့် လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းတိုက်ခတ်စဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းခြင်း ဖြစ်ပေါ်ပါက သတိပြုလိုက်နာရမည့် အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို အများပြည်သူများသိရှိစေရန် လှည့်လည်၍ အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

အဆိုပါ အသိပညာနှိုးဆော်ခြင်းကို  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးရှိုင်းသူနှင့် ဝန်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးရဲရင့်ကျော်နှင့် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် စည်ပင် သာယာရပ်ကွက်နှင့် မြို့မရပ်ကွက်များရှိ လူစည်ကားရာလမ်းဆုံနေရာများတွင် အသိပညာပေး နှိုးဆော်ခြင်းနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင် (၂၀၀)စောင်ကို အခမဲ့ဖြန့်ဝေခဲ့ကြ ကြောင်း သိရသည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)