နေပြည်တော်၊ ဇွန် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယမန်နေ့က နေပြည်တော်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများကိုလည်းကောင်း ရောက်ရှိကြပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများနှင့် ကျောင်းဆောင်သစ်တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment