ဘားအံ၊ ဇွန် ၂၆
ကရင်ပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ဇွန်လ ၂၆ ရက်၊ နံနက် ၁၀ နာရီ ကရင်ပြည်နယ်၊ ဘားအံမြို့ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပြိုင်ပွဲအား အကဲဖြတ်အမှတ်ပေးနိုင်ရန်အတွက် ဒိုင်ချုပ်၊ တွဲဖက်ဒိုင်နှင့် အမှတ်ပေးဒိုင်များမှ နေရာယူပြီး ပြိုင်ပွဲအားကျင်းပရာ ကွန်ပျူတာတက္ကသိုလ်မှ ကျန်းမာလှပအမျိုးသမီးဘဝ၊ ဘားအံတက္ကသိုလ်မှ မြန်မာအမျိုးသမီးများ၏ ဂုဏ်ယူဖွယ်အခန်းကဏ္ဍ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) မှ မြန်မာ့ယဉ်ကျေးမှုတန်ဖိုးများကို ခြိမ်းခြောက်လာသောအန္တရာယ်များ၊ သားဖွားသင်တန်းကျောင်းမှ အမျိုးသမီးများနှင့် နိုင်ငံ၏အနာဂတ်၊ ဘားအံပညာရေးဒီဂရီကောလိပ်မှ မြန်မာအမျိုးသမီးများနှင့် ပညာရေး၊ သူနာပြုသိပ္ပံမှ မြန်မာအမျိုးသမီးတို့၏ တန်းဖိုးထားမှုနှုန်းစံ၊ နည်းပညာတက္ကသိုလ်မှ မြန်မာအမျိုးသမီးများနှင့် မြန်မာ့ယဉ်ကျေးမှု၊ စသည့် ခေါင်းစဉ်များဖြင့် ကျောင်းသူလေးများမှ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ အခမ်းအနားဖြင့် ဆုများ အသီးသီးပေးအပ်ချီမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြမ်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ ကျောင်းများမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူမျာမှ တက်ရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ဘားအံတက္ကသိုလ်အား ချီးမြှင့်ငွေများ ပေးအပ်ရာ ပါမောက္ခချုပ်က လက်ခံရယူခဲ့ကြောင်း သတင်းရသည်။
#MNP #News



No comments:
Post a Comment