ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံသွားရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံသွားရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆို


နေပြည်တော်၊ ဇွန် ၁၀

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အိမ်နီးချင်းကောင်းပီသမှု၊ စစ်မှန်သည့် စိတ်ဆန္ဒတို့အပေါ်အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရေး၊ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဘက်သို့စိစစ်ရန်ပေးအပ်ထားသည့် နေရပ်စွန့်ခွာသူများ စာရင်းအပေါ် မြန်မာဘက်က စိစစ်ပြီးစီးမှုအခြေအနေများနှင့် ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံသွားရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)