တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၉၉-၈)၊ ဦးပိုင်အမှတ်(၁၆/၁)မူလပိုင်ရှင်အမည်ပေါက် ဦးရာ၏လယ်မြေဧရိယာ(၁၈.၀၀)ဧကအား နေပူကုန်းကျေးရွာနေ အောက်ပါပုဂ္ဂိုလ်များမှ ကောင်းမြန်မာကုမ္ပဏီသို့ ၁ ဧက ၈၅၀၀၀၀ ကျပ် ဖြင့် ရောင်းချခဲ့ပါသည်။
(က) ဦးစိန်မြင့် - ၃ဧက - နေပူကုန်းဥက္ကဋ္ဌ
( ခ ) ဦးမောင်ပု(ခ)ဦးလှမြင့် - ၈ဧက
( ဂ ) ဦးမောင်သိန်း - ၇ဧက
အထက်ဖော်ပြပါ လယ်ဧက ၁၈ ဧကမှာ အမှတ်(၂၆)ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီးအွမ်ဖေ(ငြိမ်း)၏ ဇနီး ဒေါ်အေးအေးဝင်း၏ဖခင် ဦးရာ(ခ)ထွန်းနုမှ ပိုင်ဆိုင်သောလယ်မြေဖြစ်ပါသည်။
ဥက္ကဋ္ဌ ဦးစိန်မြင့်ပါ ၃ဦးသည် မိမိပိုင်ဆိုင်သည့်မြေမဟုတ်ပဲအလွဲသုံးစား ရောင်းချခဲ့မှုအပေါ် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများရှင့် -
ကျွန်မတို့အနေဖြင့် မိဘဘိုးဘွားပိုင် လယ်မြေများကို အခြားတစ်ဦးအား ရောင်းချခြင်း၊ ပေါင်နှံခြင်းမရှိပါ။ သို့ဖြစ်ပါ၍ ကျွန်မတို့၏ လယ်မြေတွင် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော စာနပ်ရိက္ခာဖူလုံးရေး၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ကျွန်မတို့ရောင်းချထားခြင်းမရှိပဲ ကျွန်မတို့လယ်မြေပေါ်တွင် လုပ်ငန်း လုပ်ကိုင်နေသူများကို ဖယ်ရှားပေးရန်နှင့် မိမိရာထူးအားကိုးဖြင့် သူများပိုင်လယ်အား အလွဲသုံးစား ရောင်းချခဲ့သည့် ဥက္ကဋ္ဌ အပါအဝင်(၃)ဦးအား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးစေလိုပါသည်။
ကျွန်မလယ်မြေများကို တရားမဝင် အလွဲသုံးစားရောင်းချခဲ့မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ ထံသို့ တင်ပြထားသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ယခု(ဒုတိယ)အကြိမ် ထပ်မံတိုင်ကြား အပ်ပါသည်။ လူကြီးမင်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၄၇ ကို မျက်ကွယ်ပြုရာ ရောက်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၆ အရ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် စပ်လျဉ်၍ ဥပဒေအရ အကာကွယ်ပေးရမည်ဟူသော ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုရာရောက်သောကြောင့် ကူညီဖြေရှင်းပေးစေလိုကြောင်း ပန်ကြားအပ်ပါသည်။
(တိုင်ကြားသူ)
ဒေါ်အေးဝင်း(ဘ)ဦးရာ
၇/တငန(နိုင်)၁၁၀၈၃၀
အောင်ချမ်းသာရပ်ကွက်(၃)၊ အင်ဒိုင်းကျေးရွာအုပ်စု၊
တောင်ငူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
ဖုန်း-၀၉၆၆၉၃၇ဝ၄၁၂
(မှတ်ချက် - ဒေါ်အေးဝင်း သည် လယ်ယာမြေများကို ရောင်းစားခံခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ တင်ပြထားသောစာအား မြန်မာနေရှင်နယ်ပို့စ်မှ အိတ်ဖွင့်ပေးစာအဖြစ် ဖော်ပြပေးခြင်း ဖြစ်ပါသည်။ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရသော်လည်း မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ ယခုအချိန်အထိ လက်လွတ်ဆုံးရှုံးနေရသည်ဖြစ်ရာ ရွေးကောက်ခံအစိုးရတစ်ရပ်အနေဖြင့် ပြည်သူတစ်ဦးတစ်ယောက်၏ ရပိုင်ခွင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်၍ ဖော်ပြပေးခြင်း ဖြစ်ပါသည်။)
#MNP #News

No comments:
Post a Comment