ရုရှားနဲ့ အိန္ဒိယ တို့ကတော့ ကုန်သွယ်မှုပမာဏ တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ကရင်မလင် ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားနဲ့ အိန္ဒိယ တို့ကတော့ ကုန်သွယ်မှုပမာဏ တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ကရင်မလင် ဆို





ဇွန် - ၂၅ ( ကြာသပတေးနေ့ ) 

ရုရှားနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ တိုးမြှင့်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်  က ပြောကြားခဲ့ပါတယ်။ ဒါဟာ လာမယ့် ၂၀၃၀ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရောက်ရှိဖို့ ရည်မှန်းချက်ထားပြီး လုပ်ဆောင်နေကြတာပါ။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး စီးပွားရေး အလျင်အမြန်ဆုံး တိုးတက်နေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ရုရှားနိုင်ငံကြားက ဆက်ဆံရေးဟာ အဆင့်အသစ်တစ်ခုကို ရောက်ရှိတော့မှာဖြစ်တယ်လို့ မော်စကိုမြို့မှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် “ပရီမီကော့ဗ် စာတမ်းဖတ်ပွဲ”  အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် ကျွမ်းကျင်သူများ ဖိုရမ်ရဲ့ ဘေးဘက်အစည်းအဝေးတစ်ခုမှာ ပက်စကော့ဗ်က RT သတင်းဌာနကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုပမာဏကို တိုးမြှင့်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီပမာဏဟာ တည်ငြိမ်တဲ့ တိုးတက်မှုအလားအလာ ရှိနေပြီး ရှေ့ဆက်ပြီးတော့လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” လို့ ဆိုပါတယ်။ 

လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀၀ ဘီလီယံ ပြည့်မီဖို့ဆိုတဲ့ ရည်မှန်းချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း ချမှတ်ခဲ့တာဖြစ်ပါတယ်။ အခုလအစောပိုင်းတုန်းကလည်း သမ္မတ ပူတင်က ဒီရည်မှန်းချက်ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပြီး “လောလောဆယ်မှာတော့ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဟာ ခန့်မှန်းခြေ ဒေါ်လာ ၅၈ ဘီလီယံကနေ ဘီလီယံ ၆၀ ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေကို ပိုမိုအားစိုက်ပြီး အခုထက်ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အခြေအနေကောင်းတွေ အားလုံး ရှိနေပါတယ်” လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံဟာ အိန္ဒိယရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၁၅၁.၁ ဘီလီယံအထိ ရှိနေတာပါ။ ဒါ့အပြင် ပက်စကော့ဗ်က အိန္ဒိယဟာ ကဏ္ဍစုံမှာ အလားအလာရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မော်စကိုနဲ့ နယူးဒေလီကြားက ဆက်ဆံရေးဟာ “အထူး အခွင့်ထူးခံ အဆင့်အတန်း” ရှိတယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)