ဇွန် - ၃ ( ဗုဒ္ဓဟူးနေ့ )
ထိုင်းနိုင်ငံ စီးပွားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဌာန (DITP) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဆူနန်တာ ကောင်ဗယ်ကူကီဂျ က မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ထိုင်းကုန်သွယ်ရေးစင်တာ ထံမှ အစီရင်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ယင်းအစီရင်ခံစာအရ မြဝတီ အမှတ် (၂) တံတားရှိ ကုန်တင်ကုန်ချ စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်များကိုလည်း ပြန်လည်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ စစ်ဆေးရေးဂိတ်သည် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက် (တနင်္လာနေ့) ကတည်းက ယာယီပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ၂၀၂၆ ခုနှစ် မေလ ၂၈ ရက် (ကြာသပတေးနေ့) တွင် ကန့်သတ်ဝန်ဆောင်မှုများဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်တင်ယာဉ်များသည် မြဝတီ အမှတ် (၂) တံတား စစ်ဆေးရေးဂိတ်မှတစ်ဆင့် ပြန်လည် ဝင်ထွက်သွားလာနေပြီ ဖြစ်ကြောင်း သိရပါတယ်။ မကြာသေးမီကပင် ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက် (အင်္ဂါနေ့) တွင် မြန်မာနိုင်ငံပိုင် သတင်းစာဖြစ်တဲ့ Global New Light of Myanmar ၌ ဖော်ပြခဲ့သော သတင်းအရ မြဝတီ အမှတ် (၂) တံတားရှိ ကုန်တင်ကုန်ချ စစ်ဆေးရေးဂိတ်ကို တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
သတင်းအရ အဆိုပါ စစ်ဆေးရေးဂိတ်သည် လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နေပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်များနှင့် မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့မည့် ကုန်ပစ္စည်းများအတွက် ပို့ကုန်လိုင်စင်များကိုလည်း ယခုအခါ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများတွင် အများစုမှာ စိုက်ပျိုးရေးထွက်ကုန်များဖြစ်ပြီး တိရစ္ဆာန်အစာ၊ ပြောင်းဖူးနှင့် ကြက်သွန်နီ စသည့် ကုန်ပစ္စည်းများ အဓိက ပါဝင်ကြောင်း သိရပါတယ်။
REF: The Nation
#MNP #News


No comments:
Post a Comment