ကျိုက်ထိုမြို့နယ်တွင် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့(RS)များ ချီးမြှင့်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့(RS)များ ချီးမြှင့်ပေးအပ်







ကျိုက်ထို၊ ဇွန် ၃

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြိုနယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်ဧက(၅၀)စိုက်ပျိုးမည့် မျိုးစေ့ထုတ်တောင်သူများအား ပေါ်ဆန်းရင်၊ ဆင်းသုခ၊ ဘေးကြားတောင်ပျံ မျိုးသန့်၊မျိုးပွား၊မျိုးစေ့(RS)များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းဗိုလ်က မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ ပေးအပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့် တာဝန်ရှိသူများက တောင်သူများအား ပေါ်ဆန်းရင်၊ ဆင်းသုခ၊ ဘေးကြားတောင်ပျံမျိုးသန့်၊မျိုးပွား၊မျိုးစေ့(RS)များပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှမြိုနယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)