ဥရောပတစ်ခွင်မှာ စံချိန်တင်ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥရောပတစ်ခွင်မှာ စံချိန်တင်ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံး


ဇွန် - ၂၆ ( သောကြာနေ့ ) 

ဥရောပတိုက်ရဲ့ ဒေသတော်တော်များများမှာ အပူချိန်က ၄၀ ဒီကရီ စင်တီဂရိတ် ( ၁၀၄ ဖာရင်ဟိုက် ) ကျော်အထိ မြင့်တက်နေပြီး အသေအပျောက် အများဆုံးရင်ဆိုင်နေရတာကတော့ စပိန်နိုင်ငံဖြစ်ပါတယ်။ စပိန်အာဏာပိုင်တွေ ရဲ့ ထုတ်ပြန်ချက်အရ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဂျာမနီနိုင်ငံမှာလည်း အပူဒဏ်သက်သာဖို့ မြစ်တွေ၊ ကန်တွေနဲ့ ရေကူးကန်တွေထဲ ဆင်းကြရာကနေ ရေနစ်သေဆုံးသူတွေ အပါအဝင် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ ကလေးငယ်အချို့ အပါအဝင် အပူဒဏ်ကြောင့် သေဆုံးမှုတချို့ ရှိခဲ့သလို၊ အီတလီနိုင်ငံမှာလည်း အပူလျှပ်တာနဲ့ ရေဓာတ်ခမ်းခြောက်တာတွေကြောင့် ဆေးရုံတက်ကုသရသူတွေ တိုးပွားလာပြီး သေဆုံးမှုတွေ ရှိနေပါတယ်။

ဒီအပူလှိုင်းဟာ ဥရောပ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို အဓိက လွှမ်းမိုးထားတာဖြစ်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဇွန်လရဲ့ အပူဆုံးစံချိန်အဖြစ် ၄၀. ၉ ဒီကရီ  အထိ ရှိခဲ့သလို၊ ဗြိတိန်မှာလည်း ဇွန်လရဲ့ အမြင့်ဆုံးအပူချိန် ၃၆.၄ ဒီကရီ အထိ ရောက်ရှိခဲ့ပါတယ်။

ဥရောပတစ်ခွင်က အာဏာပိုင်တွေကတော့ သတိပေးချက်တွေ ထုတ်ပြန်ထားရပြီး စာသင်ကျောင်းတွေ ပိတ်တာ၊ ရထားခရီးစဉ်တွေ ဖျက်သိမ်းတာနဲ့ အပူဆုံးအချိန်တွေမှာ အိမ်ထဲမှာပဲ နေကြဖို့ ပြည်သူတွေကို တိုက်တွန်းထားရပါတယ်။

မိုးလေဝသပညာရှင်တွေရဲ့ အဆိုအရ အခုလို အပူချိန် အလွန်အမင်း မြင့်တက်ရတာဟာ ဥရောပပေါ်မှာ လေပူတွေ ကို ပိတ်မိနေစေပြီး လေအေးတွေ ဝင်မလာနိုင်အောင် တားဆီးထားတဲ့ "အပူလှိုင်းအမိုးခုံး " ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဆောက်အအုံနဲ့ ကတ္တရာလမ်းတွေက ညဘက်အထိ အပူတွေကို စုပ်ယူထားနိုင်တာ ကြောင့် လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာ ပိုပြီး အန္တရာယ်ကြီးမားနေတာပါ။ ဒီအခြေအနေဟာ လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ၂၀၀၃ ခုနှစ်က ဥရောပရဲ့ ဆိုးရွားလှတဲ့ အပူလှိုင်းဘေးအန္တရာယ်ကို ပြန်လည်သတိရစေပါတယ်။ 

ကျွမ်းကျင်သူတွေကတော့ ဥရောပက အိမ်အများစုဟာ ဆောင်းတွင်းမှာ အပူဒဏ်ထိန်းဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး အမေရိက ဒါမှမဟုတ် အာရှနိုင်ငံတွေလို နေအိမ်တွေမှာ လေအေးပေးစက် တပ်ဆင်ထားမှု နည်းပါးတာကြောင့် အခုလို ရေရှည်အပူလှိုင်းဒဏ်ကို ပိုမိုခံစားနေရတာလို့ ထောက်ပြထားကြပါတယ်။

အစိုးရတွေကတော့ အပူလှိုင်း ဆက်ရှိနေဦးမှာဖြစ်လို့ သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်ကြောင်း သတိပေးထားပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်ကြဖို့နဲ့ သက်ကြီးရွယ်အိုတွေလိုမျိုး ထိခိုက်လွယ်သူတွေကို ဂရုစိုက် စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းထားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)