မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေးကိစ္စရပ်များ အိန္ဒိယ Prasad Group လာရောက်ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေးကိစ္စရပ်များ အိန္ဒိယ Prasad Group လာရောက်ဆွေးနွေး


နေပြည်တော်၊ ဇွန် ၁၀

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနသို့လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များ၊ သတင်းမှတ်တမ်းဖလင်များအား ရေရှည်ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Prasad Group မှ Chief Executive Officer Dr Prasad Rao Pasam နှင့်အဖွဲ့တို့ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ဖလင်ပိဋကတ်တိုက်၌ ထိန်းသိမ်းထားရှိသော မြန်မာ့ရုပ်ရှင်ဖလင်များ၊ သတင်းမှတ်တမ်းဖလင်များအား စနစ်တကျထားသိုထိန်းသိမ်းခြင်း၊ ခေတ်မီဒီဂျစ်တယ်စနစ်များဖြင့် ရေရှည်ထိန်းသိမ်းထားသိုမည့် နည်းလမ်းများ၊ မြန်မာ့ဂန္ထဝင် ရုပ်ရှင်ဖလင်ဟောင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် နောက်ဆုံးပေါ်နည်းပညာများအသုံးပြု၍ Digital Restoration အဆင့်သို့ မြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ ရေရှည်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ ဆွေးနွေးသည်။

Prasad Corporation Limited သည် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် အခြေစိုက်ပြီး ၁၉၅၆ ခုနှစ်တွင် အိန္ဒိယဂန္ထဝင် ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် သရုပ်ဆောင် L. V. Prasad က စတင်တည် ထောင်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)