ရန်ကုန်၊ ဇွန် ၁၇
ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး Princess Bajrakitiyabha Narendiradebyavati Kromluangrajasari-nisiribajra Mahavajrarajadhita သည် ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်တွင် ကံတော်ကုန်ခဲ့ခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ယမန်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးသို့ ရောက်ရှိရာ သံရုံးယာယီတာဝန်ခံ နှင့် တာဝန်ရှိသူများက သံရုံးဧည့်ခန်းမ၌ ကြိုဆိုခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရကိုယ်စား ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha ကံတော်ကုန်ခဲ့ခြင်းအပေါ် အထူးဝမ်းနည်းကြေကွဲရပါကြောင်း၊ ထိုင်းတော်ဝင်မိသားစုများ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်သူတို့အားလည်း စာနာထောက်ထားပါကြောင်း သတင်းစကား ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးသည်။
တော်ဝင်မင်းသမီး Princess Bajrakitiyabha သည် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ အကြီးဆုံး သမီးတော်ဖြစ်ပြီး ကံတော်ကုန်ချိန်တွင် အသက် ၄၇ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment