ဇွန် - ၁၇ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် မြင့်တက်လာတဲ့ စွမ်းအင်ဈေးနှုန်းများ မှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ငွေဖောင်းပွမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် ဂျပန်ဗဟိုဘဏ် က အဓိကအတိုးနှုန်းကို အင်္ဂါနေ့တွင် သုည ဒသမ နှစ်ငါးရာခိုင်နှုန်း (ကွာတား ရာခိုင်နှုန်း) တိုးမြှင့်ကာ ၁ ရာခိုင်နှုန်းအထိ သတ်မှတ်ခဲ့ပြီး၊ ချေးငွေစရိတ်များကို ၁၉၉၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့ပါတယ်။
စားသုံးသူစရိတ်များအပေါ် ရေနံစိမ်းဈေးနှုန်း မြင့်တက်မှုရဲ့ သက်ရောက်မှုများကို ကိုးကားပြီး ငွေဖောင်းပွမှုနှုန်း ဆက်လက်မြင့်မားနေဦးမယ်ဆိုပါက အတိုးနှုန်းများကို ဆက်လက်မြှင့်တင်သွားမှာဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့ပါတယ်။
ရက်သတ္တပတ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းပြီးနောက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန် အကြိုသဘောတူညီချက်တစ်ခု ရရှိခဲ့ကြပေမဲ့ ဂျပန်ဗဟိုဘဏ် တာဝန်ရှိသူများကမူ ကျန်ရှိနေသေးတဲ့ ဈေးနှုန်းဖိအားများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံသည် တင်သွင်းသော ရေနံအပေါ်တွင် အလွန်အမင်း မှီခိုနေရပြီး၊ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေကြောင်းကုန်သွယ်မှု ပြတ်တောက်သွားသည့် ကာလအတွင်း ရေနံစိမ်းဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့ပါတယ်။ ထို့အပြင် ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှုကလည်း သွင်းကုန်စရိတ်များကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။
ဂျပန်ဗဟိုဘဏ် (BoJ) ရဲ့ မူဝါဒချမှတ်သူတွေဟာ ဘဏ်ရဲ့ ရေတိုမူဝါဒအတိုးနှုန်းကို ဝ.၇၅ ရာခိုင်နှုန်းကနေ ၂၅ အခြေခံအမှတ်ကို တိုးမြှင့်ပြီး ၁ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ကြပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေဟာ မြင့်တက်လာတဲ့ စွမ်းအင်စရိတ်တွေကို ထောက်ပံ့မှုကွင်းဆက် တစ်လျှောက် "အတော်လေး မြန်ဆန်တဲ့နှုန်း" နဲ့ တစ်ဆင့် ပြန်လည်လွှဲပြောင်း (ဈေးနှုန်းမြှင့်တင်) နေကြပြီး၊ ဒါဟာ ပိုမိုကျယ်ပြန့်တဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု အန္တရာယ်ကို ဖြစ်ပေါ်စေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ယခုလုပ်ဆောင်ချက်ဟာ ငွေဖောင်းပွမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ယခုနှစ်အတွင်း အခြားသော ဗဟိုဘဏ်အတော်များများရဲ့ ငွေကြေးမူဝါဒ တင်းကျပ်မှုတွေအပြီးမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment