ပခုက္ကူ၊ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ Placement Test(အထူးအစီအစဉ်)စာမေးပွဲကို ဇွန်လ ၁၅ ရက်မှစတင်ဖြေဆိုကြရာ စာမေးပွဲ(တတိယနေ့) သင်္ချာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသောကလေးများအတွက် အခြေခံပညာ ကျောင်းများ၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ပြန်လည်တက်ရောက်ပညာသင်ယူခွင့်ရရှိရေး Placement Test(အထူးအစီအစဉ်)စာမေးပွဲကို ဇွန်လ ၁၅ရက်မှစတင်ပြီး ပခုက္ကူမြို့ရှိ စာစစ်ဌာန ၂ခုသတ်မှတ်၍ ကျင်းပခဲ့ ကြောင်း၊ ထိုသို့ကျင်းပရာ Grade-1မှ Grade-5အထိ မူလတန်းအဆင့်တွင် ၈၁၈ဦး၊ Grade-6မှ Grade-8အထိ အလယ်တန်းအဆင့်တွင် ၆၀၃ဦး၊ စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၄၂၁ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြကြောင်း၊ စာမေးပွဲဖြေဆိုမှုကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ကူညီဆောင်ရွက် ပေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News




No comments:
Post a Comment