လားရှိုးမြို့ အ.ထ.က(၃)၌ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၀၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့ အ.ထ.က(၃)၌ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၀၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး


လားရှိုး၊ ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်နှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ရရှိစေရေး နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းကို ဇွန်လ ၂၄ ရက်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ဆောင်ရွက်သည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား ၉၈ ဦး၊ ကျောင်းသူ ၁၀၉ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၀၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များရရှိစေရေးဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်းသိရသည်။


လူမော် 

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)