ရခိုင်ပြည်နယ်၊ ဂွမြိုနယ်၊ ပေါက်တူးကျေးရွာနှင့် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ AA အကြမ်းဖက်အဖွဲ့ အခြေပြုနေထိုင်ရာ စာသင်ကျောင်းနှင့် အကြမ်းဖက်သမားလှုပ်ရှားမှုရှိသည့် နေရာများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်ခန့်တွင် တပ်မတော်က လေကြောင်းမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ AA အကြမ်းဖက်အဖွဲ့က စာသင်ကျောင်းနှင့် အပစ်မဲ့ ပြည်သူများကို တပ်မတော်က ပစ်ခတ်တိုက်ခိုက်သည့်ပုံစံမျိုး လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။
တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့များသည် စာသင်ကျောင်းများကို ၎င်းတို့၏ အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေထိုင်လျက်ရှိရာ တိကျစွာ ထောက်လှမ်းပြီး ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။
စာသင်ကျောင်းများကို အကြမ်းဖက်သမားများက အကြမ်းဖက်စခန်းအဖြစ်အသုံးပြုနေခြင်းကြောင့် ဒေသခံ မျိုးဆက်သစ်ကလေးငယ်များမှာ စာပေသင်ကြား၊ သင်ယူခွင့် ဆုံးရှုံးနေရသည်ဖြစ်ရာ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။
AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များသည် ပြည်တွင်း၊ ပြည်ပ မူးယစ်ဆေးဝါး ဖြန့်ချိရေးကို အဓိက လုပ်ဆောင်လျက်ရှိသည်။
#MNP #News


No comments:
Post a Comment