မြန်မာပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေ


နေပြည်တော်၊ ဇူလိုင် ၁၁

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုး က ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်ရာတွင် မြန်မာပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ဒေါက်တာခိုင်ခိုင်စိုး ၏ ရေးသားဖော်ပြချက်တွင် နိုင်ငံတော်သမ္မတရုံး၏ ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ ထူးခြားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် လုပ်ငန်းများ မရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက် (၉) ခုအနက် ပြီးစီးမှု ၈၀.၂၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၁၉.၈၀ ရာခိုင်နှုန်းရှိပြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ စီမံချက် (၂) ခုအနက် ပြီးစီးမှု ၂၈ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၇၂ ရာခိုင်နှုန်းရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက်တွေထဲမှာ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းကတော့ မြန်မာပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ပြီး ဒီလုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ စီမံချက်တွေကတော့ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီ ဖြစ်ပါကြောင်း ဖော်ပြထားသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေနဲ့တော့ စိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးမြှင့်ထုတ်ချေးခြင်းနဲ့ လယ်ယာသုံးစက်ကိရိယာ ချေးငွေများ ထုတ်ချေးခြင်းတို့ကို လျာထားချက်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း ရက် (၁၀၀) အတွင်း ပြီးမြောက်အောင် ဆက်လက်ထုတ်ချေးသွားမှာ ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ်ခွဲတွေက တင်ပြလာတဲ့ ချေးငွေအဆိုပြုလွှာတွေကို စိစစ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတွေ ဆောင်ရွက်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို ချေးငွေတွေ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ဒေါက်တာခိုင်ခိုင်စိုး က "ရက် (၁၀၀) စီမံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လုပ်ငန်းတွေ မရှိသေးပါဘူး။ သတ်မှတ်ထားတဲ့ စီမံချက်တွေကို အချိန်မီ ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)