ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ






ဂန့်ဂေါ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေစေရေး အတွက် ၂၀၂၆ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမလမ်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းအဖွဲ့များထံသို့ စိုက်ပျိုးမည့်သစ်ပင်ပျိုးပင်များကို ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကျွန်းသစ်ပင် ပျိုးပင်အား စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများ၏ ကျွန်း(၁၇၁)ပင်၊ မယ်ဇယ်(၃၀)ပင်၊ ခရေ(၃)ပင်၊ တပေဘူတ(၆၀)ပင်၊ စိန်ပန်း(၃၀)အပင်၊ ပန်းတမာ(၅၀)ပင်၊ ငုရွှေဝါ(၁၅)ပင်၊ ငုစပ်(၁၅)ပင် နှင့် ရေတမာ(၁)ပင်၊ သစ်မျိုး(၉)မျိုး စုစုပေါင်းပျိုးပင်(၃၇၅)ပင်တို့ စုပေါင်းစိုက်ပျိုးမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၆ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းညွန့်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများတက်ရောက်၍ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)