ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ Esport (Mobile Legend) ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ Esport (Mobile Legend) ပြိုင်ပွဲကျင်းပ




ပခုက္ကူ၊ ဇူလိုင် ၁၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အထူးပြုဘာသာရပ် ပေါင်းစုံ အမျိုးသား Esport (Mobile Legend) ပြိုင်ပွဲကို ဇူလိုင်လ ၁၀ရက် မွန်းလွဲ ၂နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ် ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် Esport (Mobile Legend) ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ရပ်ရွတ်ဆိုကြပြီး ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် သတ္တဗေဒဌာနအသင်းနှင့် သင်္ချာဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ သတ္တဗေဒဌာနအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။ 

အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ အမျိုးသား Esport (Mobile Legend)ပြိုင်ပွဲဝင် အသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)