ဇူလိုင် - ၃ ( သောကြာနေ့ )
အထူးပြုစုစောင့်ရှောက်မှုလိုအပ်တဲ့ (special needs ဖြစ်နေတဲ့) အသက် ၁၁ နှစ်အရွယ် ကောင်လေးဟာ ကျောင်းကနေ နေမကောင်းလို့ ခွင့်ယူပြီး အိမ်မှာကျန်ခဲ့စဉ် မိဘတွေရဲ့ ထရပ်ကားကို ယူမောင်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်မိမှုဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မုဒ္ဒါဟန် ခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သံဃာတော် ၃၅ ပါးဟာ ဆွမ်းဆန်စိမ်းခံ ကြွချီနေကြတာပါ။ ကားဟာ လမ်းကြောင်းအပြင်ဘက်ကို ထွက်သွားပြီး သံဃာတော်တွေရဲ့ စီတန်းလှည့်လည်မှုထဲကို ဝင်တိုက်မိခဲ့တာကြောင့် သံဃာတော် ၉ ပါး ပျံလွန်တော်မူခဲ့ရပြီး အခြား ၁၄ ပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် ပိုင်ရော့ သိုက်ဖူဆာ ကတော့ ကားရဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် အခုလို ဖြစ်ရတာလားဆိုတာကို သိနိုင်ဖို့ ကားကို မှုခင်းဆေးစစ်ချက် ယူထားတယ်လို့ ပြောပါတယ်။ လောလောဆယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်းမှာတော့ ကလေးငယ်ကို မိဘတွေရဲ့ စောင့်ရှောက်မှု အောက်မှာပဲ ထားရှိထားတယ်လို့ သိရပါတယ်။
ဤအဖြစ်ဆိုးနှင့် ပတ်သက်ပြီး ထပ်မံသိရှိရတဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀၀ ခန့်အကွာ အီသန်ဒေသ၊ မုဒ္ဒါဟန်ခရိုင်အတွင်း သံဃာတော်တွေ ဆွမ်းဆန်စိမ်းခံ ကြွချီနေစဉ် ကားတစ်စီးက လမ်းချော်ပြီး ဝင်တိုက်တာကို မြင်တွေ့ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အခုလို သံဃာတော်တွေ ခြေကျင် ဆွမ်းဆန်စိမ်းခံ ကြွချီတာဟာ ရိုးရာအစဉ်အလာတစ်ခု ဖြစ်ပြီး ခရီးစဉ်တစ်လျှောက်မှာလည်း ပြည်သူတွေက များစွာကြည်ညို လေးစားပြီး လှူဒါန်းထောက်ပံ့လေ့ ရှိကြပါတယ်။ အထူးပြုစုစောင့်ရှောက်မှုလိုအပ်တဲ့ (special needs ဖြစ်နေတဲ့) ကောင်လေးရဲ့ အမေက သူမရဲ့သားဖြစ်သူ ထရပ်ကားကို ယူမောင်းသွားတယ်ဆိုတာကို သိရှိသွားတဲ့အချိန်မှာ ရဲတပ်ဖွဲ့ထံ ချက်ချင်း ဆက်သွယ်အကြောင်းကြားခဲ့ကြောင်းလည်း သိရပါတယ်။
ဘန်ကောက်ပို့စ် သတင်းစာရဲ့ ဖော်ပြချက်အရ အဆိုပါ ကလေးငယ်ကို ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပေမဲ့ ကားတိုက်မှုကြောင့် စိတ်လှုပ်ရှား တုန်လှုပ်ခြောက်ခြားနေတဲ့အတွက်ကြောင့် လက်ရှိအချိန်အထိတော့ စစ်ဆေးမေးမြန်းခြင်း မပြုရသေးဘူးလို့ သိရပါတယ်။
Ref: upi
#MNP #News



No comments:
Post a Comment