ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး











ပုသိမ်၊ ဇူလိုင် ၃

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ ပုသိမ်မြို့တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစား နဲ့ မိတ်ဆက်ပေးသည့် AWFC Meet the futures အစီအစဉ်ကို ဧရာဝတီတိုင်း ဒေသခံ မိန်းကလေး ကလေးငယ် (၁၂၀) ဦးဖြင့် ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် Football For School အစီအစဉ်ကိုလည်း FIFA နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


ဓာတ်ပုံ - AWFC 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)