အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် အာဆီယံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့နှင့် သီးခြားစီ တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် အာဆီယံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့နှင့် သီးခြားစီ တွေ့ဆုံ



ဂျကာတာ၊ ဇူလိုင် ၃

တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာတော့မည့် အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Evgeny Zagaynov အား ၂၆-၆-၂၀၂၆ ရက်တွင်လည်းကောင်း၊ အာဆီယံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Srinivas Gotru အား ၁-၇-၂၀၂၆ ရက်တွင်လည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ 

ယင်းသို့တွေ့ဆုံခဲ့ရာတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ အာဆီယံ၏ ယန္တရားမူဘောင်များ၌လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့်လည်းကောင်း၊ ရုရှားနှင့် အိန္ဒိယနိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့်လည်းကောင်း လက်ရှိ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအပေါ် ဆွေးနွေးခဲ့သည်။

အလားတူ ရုရှားသံအမတ်ကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့က မြန်မာအမြဲတမ်းကိုယ်စားလှယ် အနေဖြင့် ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းနှင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်း ရေးမှူးအဖြစ်လည်းကောင်း၊ အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်စဉ် မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဦးဆောင်ကြိုးပမ်းခဲ့မှုများအပေါ်  အသိအမှတ်ပြုကြောင်းနှင့် ၂၀၂၇ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံမှ အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်မည့်အပေါ် ကြိုဆိုကြောင်း ဆွေးနွေးခဲ့ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)