မြောက်ဥက္ကလာပမြို့နယ် အမှတ် (၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိ သစ္စာခံယူပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိ သစ္စာခံယူပွဲကျင်းပ







 မြောက်ဥက္ကလာပ၊ ဇူလိုင်  ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အမှတ် (‌‌‌‌၄) အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် အဆို‌‌ပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ  အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းအား သံပြိုင်ရွတ်ဆိုခဲ့ကြပြီးအမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌက ကျောင်းကောင်စီအမှု‌ ဆောင်အဖွဲ့ အမည်စာရင်းကို ဖတ်ကြားကာ ကျောင်းကောင်စီအဖွဲ့ နှင့် ကျောင်းသား ၊ ကျောင်းသူများက ကတိသစ္စာ ခံယူကြသည်။ ယင်းနောက် ကျောင်းကောင်စီ ဥက္ကဋ္ဌ ကျောင်းအုပ် ဆရာကြီး ဦးဖုန်းနိုင်က တာ၀န် အထိမ်းအမှတ် အလံများကို သက်ဆိုင်ရာ ဆရာမများထံ ပေးအပ်ခဲ့‌ပြီး  ကျောင်းသား၊ ကျောင်းသူများက နိုင်ငံ တော် သီချင်းအား သံပြိုင်စုပေါင်းသီဆိုခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)