ပိုးချည်နှင့် ပိုးအိမ်မှထွက်ရှိနိုင်သည့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး အားပေးမြှင့်တင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုးချည်နှင့် ပိုးအိမ်မှထွက်ရှိနိုင်သည့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး အားပေးမြှင့်တင်


နေပြည်တော်၊ ဇူလိုင် ၂၁

ပိုးစာမျိုးများမျိုးစပ်ခြင်းသုတေသနနှင့် ပိုးမျိုးများမျိုး စပ်ခြင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုးစာမျိုးအလိုက် ပိုးမျိုးအလိုက် ပိုးချည်အရည်အသွေးပေါ် သက်ရောက်မှုကိုပါ တစ်ပါတည်းဆောင် ရွက်ရန်၊ ပိုးမွေးမြူရေးအနေဖြင့် လက်ရှိတွင် ပြည်ပသို့ ပိုးအိမ်ခြောက်အဖြစ်တင်ပို့ရောင်းချခြင်းကိုသာ အဓိကဆောင်ရွက်လျက်ရှိသော်လည်း ရေရှည်တွင် ပိုးချည်နှင့် ပိုးအိမ်မှထွက်ရှိသည့်ကုန်ချောများ ထုတ်လုပ်နိုင်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

၁၉-၇-၂၀၂၆ ရက်နေ့က ပြင်ဦးလွင်ရှိ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနနှင့် ဒိုးကွင် ပိုးစာခြံနှင့်ပိုးချည်စက်ရုံတို့၏ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ပိုးမွေးမြူရေးလုပ်ငန်းများ၊ ပိုးချည်စက်ရုံများနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေနေရာကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ရွှေပိုးစာကုမ္ပဏီ၏ ပိုးစာစိုက်ပျိုးခြင်းလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြင်ဦးလွင်မြို့ ယင်းသာမ ရေလွှဲဆည်ပေါ်တွင် အမြင့်သုံးပေရှိ Tilting Gate ရေတံခါးအသစ်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆင်လမ်း(၂) ရေလှောင်တမံစီမံကိန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆင်လမ်း(၂) ရေလှောင်တမံ စီမံကိန်းဆောင်ရွက်ပြီးပါက ဆင်လမ်းရေလှောင်တမံမှ ပိုလျှံစီးဆင်းရေများကို ထိန်းသိမ်းသိုလှောင်၍ နေ့စဉ်ရေဂါလန်တစ်သန်းကို ယင်းသာမရေလွှဲဆည်မှတစ်ဆင့် ရေသွယ်ပိုက်လိုင်းဖြင့် ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်းနှင့် မြို့ပြရပ်ကွက်ကြီး(၉၊ ၁၆၊ ၁၇၊ ၁၈)တို့ ၏ အနာဂတ်ရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားနိုင်မည် ဖြစ်သည့်အပြင် စိုက်ပျိုးမြေဧရိယာ ဧက ၁၀၀ ခန့်ကို စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)