ပြည်ဖျက်မီဒီယာ၊ အကြမ်းဖက်လှုံ့ဆော်မီဒီယာ Western News လို့ အမည်ခံထားတဲ့ ပြည်ဖျက်မီဒီယာကနေ "အရပ်သားပြည်သူများကို ဗုံးကြဲပြီး စစ်ကောင်စီ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု AA မေးခွန်းထုတ်" ဆိုတာမျိုး ရေးသားဖြန့်ဝေထားပါတယ်။ သတင်းခေါင်းစဉ်မှာပဲ (မြန်စစ်တပ် ထိုးစစ်တိုင်းကို လက်တုံ့ပြန်မည်ဟု AA ပြော) တယ်လို့ ပူးတွဲ ဖော်ပြထားပါတယ်။
ပြည်ဖျက်မီဒီယာတွေ ဖန်တီးသုံးနှုန်းတဲ့ အသုံးအနှုန်းတွေကတော့ သိကြတဲ့ အတိုင်းပဲ တရားဝင် အစိုးရ၊ ရွေးကောက်ခံ အစိုးရ ကို အကြမ်းဖက်စစ်ကောင်စီ၊ ရွေးတုအစိုးရ စသည်အားဖြင့် ၎င်းတို့ ဖန်တီးအသုံးပြုချင်သလို ဖန်တီးနေကြတာကို သတိပြုပါ။ ဒါဟာ ပြည်ဖျက်မီယာတွေ ပြည်ပသြဇာခံ ဝေစားမျှစား မီဒီယာတွေရဲ့ ဖန်တီးအသုံးပြုမှုများသာ ဖြစ်ပါတယ်။ သူတို့တွေက တိုင်းဖျက် ပြည်ဖျက် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ NUG, CRPH, AA ကဲ့သို့သော အကြမ်းဖက်အဖွဲ့များကိုတော့ အကြမ်းဖက်အဖွဲ့လို့ မဖော်ပြရဲကြပါဘူး။ အကြမ်းဖက်အဖွဲ့တွေထံက အထောက်အပံ့များ ဝေမျှရယူ စားသောက်နေတာလည်း ဖြစ်နိုင်ပါတယ်။
ပြည်ဖျက်မီဒီယာ Western News ရဲ့ ရေးသားဖော်ပြချက်မှာ "အကြမ်းဖက် စစ်ကောင်စီသည် ငြိမ်းချမ်းရေးဖိတ်ခေါ်နေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသော ဒေသများမှ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား၍ လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများဖြင့် သတ်ဖြတ်နေကြောင်း၊ ဇူလိုင်လ ၁၉ ရက် တစ်ရက်တည်းတွင် တောင်ကုတ်မြို့နယ် မအီမြို့၊ သံတွဲမြို့ပေါ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာများအား အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့၍ ပြည်သူ ၅ ဦး သေဆုံးပြီး ကလေးငယ်များ၊ သံဃာတော်များအပါအဝင် ၂၉ ဦးအထိ ပြင်းထန်ဒဏ်ရာရာများ ရရှိခဲ့ကြကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးဖိတ်ခေါ်နေသော်လည်း အရပ်သားပြည်သူများအား လေကြောင်းဗုံးကြဲသတ်ဖြတ်နေခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု အာရက္ခတပ်တော် AA က ပြောကြားကြောင်း ရေးသားဖော်ပြထားပါတယ်။
AA ဆိုတဲ့ အကြမ်းဖက်အဖွဲ့ဟာ မူးယစ်ဆေးဝါး ဖြန့်ချိရေးနဲ့ အင်အားကြီးထွားလာတဲ့ အကြမ်းဖက်အဖွဲ့ ဖြစ်ပါတယ်။ သူတို့တွေ ထိန်းချုပ်ထားတယ်လို့ ဆိုရအောင် ဥပဒေအရ ဘယ်မြို့ဘယ်ရွာမှာ AA အကြမ်းဖက်အဖွဲ့ကို အခြေပြုနေထိုင်ခွင့်ပြုပါမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိပါဘူး။ သူတို့ ထိန်းချုပ်ထားတယ်ဆိုရင်လည်း ဒေသအုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားအောင် လုပ်ဆောင်ပြီး ဒေသခံပြည်သူများအပေါ် လက်နက်ပြ ခြိမ်းခြောက်ပြီး အခြေပြုနေထိုင် လှုပ်ရှားနေခြင်း ဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုမပြိုကွဲရေး တာဝန်ယူထားတဲ့ တပ်မတော်အနေနဲ့ မဖြစ်မနေ ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိပါတယ်။
AA အကြမ်းဖက်အဖွဲ့အနေနဲ့ လူမျိုးရေးပဋိပက္ခဖန်တီးပြီး ပြည်ထောင်စုပြိုကွဲအောင် လုပ်ဆောင်နေခြင်းဟာ ဘယ်လိုမှ လက်ပိုက်ကြည့်နေလို့ မရတဲ့ အဖွဲ့ဖြစ်နေပါတယ်။ ဥပဒေပြဋ္ဌာန်းချက်များအရ တပ်မတော်က အဓိကထား နှိမ်နင်းရမယ့် အဖွဲ့မျိုး ဖြစ်နေပါတယ်။
တပ်မတော်အနေနဲ့ ရှင်းလင်းဆောင်ရွက်မှု ပြုလုပ်သည့်အခါတိုင်း AA အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီယာတွေက အခုလိုပဲ ပြည်သူနဲ့ အကာအကွယ်ယူပြီး သူတို့ရ့ ရက်စက်ယုတ်မာ ကောက်ကျစ်သောလုပ်ရပ်တွေကို ဖုံးကွယ်တတ်ကြပါတယ်။
တပ်မတော်ဆိုတာ ပြည်သူများကို ကာကွယ်ပေးနေတဲ့ အဖွဲ့အစည်း၊ ပြည်သူတွေကို ထီးလို မိုးကာပေးရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့် တပ်မတော်က အရပ်သားပြည်သူများကို ဗုံးကြဲတယ်လို့ စွပ်စွဲခြင်းဟာ ဘယ်လိုမှ မဖြစ်နိုင် (No Way)၊ ယုတ္တိမရှိတဲ့ စွပ်စွဲမှုသာ ဖြစ်ပါတယ်။
AA အကြမ်းဖက်အဖွဲ့အနေနဲ့ ပြည်သူများထိခိုက်မှု မဖြစ်စေချင်ဘူးဆိုရင် ပြည်သူလူထုကို လူသားတံတိုင်းလုပ်ပြီး တိုက်ခိုက်တာမျိုး မလုပ်သင့်ပါဘူး။ ပြည်သူလူထုကြားမှာ ဝင်ရောက်ခိုအောင်း နေတာမျိုး မဖြစ်သင့်ပါဘူး။
ပြည်ဖျက်မီဒီယာ Western News ရဲ့ ရေးသားဖော်ပြချက်မှာ (မြန်စစ်တပ် ထိုးစစ်တိုင်းကို လက်တုံ့ပြန်မည်ဟု AA ပြော) တယ်လို့ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် AA အကြမ်းဖက်အဖွဲ့ဟာ စစ်သွေးကြွအဖွဲ့ ဖြစ်လို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရောက်လာမှာ မဟုတ်သလို တပ်မတော်အနေနဲ့ ပြတ်ပြတ်သားသား နှိမ်နင်းမှ ရမယ့် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့ကို စစ်ရေးအရ ရှင်းလင်းဆောင်ရွက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေရအုံးမှာပဲ ဖြစ်ပါတယ်။
AA အကြမ်းဖက်အဖွဲ့၊ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတွေကို သတိပြုမိစေချင်တာကတော့ တပ်မတော်က ရှင်းလင်းတဲ့အခါ ပြည်သူနဲ့ အကာအကွယ်ယူပြီး ရေးသားဖော်ပြမှုပုံစံတွေဟာ ရိုးအီလာပါပြီ။ မင်းတို့ လိမ်ညာ ဝါဒဖြန့်နေတာကိုလည်း ပြည်သူတွေက သိနေပါပြီ။ မဖြစ်နိုင်တဲ့ လိမ်ညာမှုတွေနဲ့ ပြောဆိုရေးသား ဖြန့်ချိတာမျိုးတွေကို ခေတ္တရပ်နားပြီး ဖြစ်နိုင်ခြေနဲ့ ယုတ္တိရှိရှိ ရေးသားဖော်ပြကြစမ်းပါ။
တပ်မတော်အနေနဲ့ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရက ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစဉ်သဖြင့် ကူညီဆောင်ရွက်ခဲ့သလို အကြမ်းဖက်လမ်းစဉ်ပေါ်မှာ ရှိနေသေးတဲ့ အဖွဲ့တွေကိုလည်း မြန်မာ့မြေပေါ်က ပပျောက်အောင် လုပ်ဆောင်ရမယ့် သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားအောင် လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ပြီး ပြည်ထောင်စုပြိုကွဲအောင် အကြမ်းဖက်နည်းလမ်းနဲ့ လုပ်ဆောင်နေတဲ့ မည်သည့်အဖွဲ့ကိုမှ မျက်နှာသာ ပေးဖို့ မလိုပါဘူး။
ဒေါင်းနင်း
#News #MNP

No comments:
Post a Comment